Pages

Tuesday, July 19, 2011

သို့…ချစ်ရသူ




ဘာကြောင့်မှန်း မသိဘူး တည်ငြိမ်နေခဲ့ပြီထင်သော နှလုံးသားတစ်ခု သူ့ရဲ့ခေါ်သံ တစ်ချက်မှာပဲ ပျော်ရွှင်စွာ ပျော်မြူးရင်း လှုပ်ခတ်သွားသော နှလုံးသားတစ်ခု။ မပြောင်းလဲပဲ တည်ရှိနေသေးတယ်။ မရေရာစွာ ဖြစ်ပျက်ခဲ့တဲ့ ဒီလမ်းမှာ မျှော်လင့်ချက်မဲ့ကာ လျှောက်လှမ်းခဲ့တယ်။

သူနဲ့ ပြန်ဆုံချိန်မှာ မရည်ရွယ်ခဲ့မိသော ရင်ထဲစကားများ ဖွင့်ပြောခဲ့မိတယ်။ သူ.. သူလည်း ပြောပြခဲ့တယ်..။ မျက်လုံးမှာ ပုလဲတွေ ခခဲ့တယ်။ ပါးပြင်မှာ မြစ်ပင်လယ် ဖြတ်သန်းခဲ့တယ်။ ဒါတွေကို သူသိမှာ မဟုတ်ဘူး။ မုန်းအောင်လို့  လုပ်ခဲ့ပြီးမှ ဘာ့ကြောင့် ပြန်ပြောပြခဲ့တာလဲ ချစ်ရသူ..။

နောက်ထပ်တစ်ကြိမ် နောင်တ မရချင်သောကြောင့် အခွင့်သင့်ကာ လမ်းကြောင်းမှန်တုန်း တစ်ကိုယ်တည်း မြိုသိပ်ကာ နောင်တရခဲ့သမျှပြောပြခဲ့မိတယ်..။

သူ.. သူ တောင်းပန်ခဲ့တယ်..။ သူ့ရဲ့ စကားတစ်ခွန်းမှာ ငါခံစားခဲ့ရတဲ့ နေ့ ရက်တွေ ကို မေ့ပျောက်ပြစ်နိုင်ခဲ့တယ်။ နှစ်၊ ရက်၊ လ၊ နာရီနဲ့ ချီပြီး ခံစားခဲ့ရတဲ့ ခံစားချက်ကို သူ့ ရဲ့ တောင်းပန်စကားတစ်ခွန်း ပြောကြားရုံလေးနဲ့  အရာအားလုံး ငါ နားလည်ပေးနိုင်ခဲ့တယ်။ အဲဒါဘာ့ကြောင့်လဲ.. ငါ့ကိုယ်ငါ ထပ်မမေးတော့ဘူး။ ဒါပေမယ့် စိတ်ထဲ ခံစားခဲ့ရသမျှ သူ့ ကိုပြောပြခဲ့ပေမယ့် ရှေ့ ဘယ်လိုဆက်ရမလဲ.။ စဉ်းစားထားတာ ဘာမှမရှိသေးဘူး။

သူ့ နဲ့ ပြန်ဆုံပြီး အတိတ်ရဲ့ အကြောင်းတွေ ခံစားခဲ့ရသမျှတွေ ပြောပြနိုင်ခဲ့လို့  ရင်ဘတ်တစ်ခုလုံး နင့်နေအောင် ခံစားခဲ့ရတယ်။ ဒါပေမယ့် သူနဲ့ပြန်ဆုံတွေ့ရလို့ပျော်တယ်.. အလိုလိုပြုံးမိတယ်။

သူကပြောတယ် မင်းမှန်ပါတယ်တဲ့ အမြဲ မင်းမှန်နေခဲ့တာပါတဲ့.. အိမ်မက်ထဲထိတောင် မင်းမှန်ခဲ့တာပါတဲ့.. သူပြောတယ်..။ ပြိးတော့ သူ တောင်းပန်တယ်။

စိတ်ပျော့ညံ့ခဲ့ပြီလား။ အမြဲ စိတ်မာပြီး ရပ်တည်နေတဲ့ငါ သူ ဘာပြောပြော နားလည်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ရင်ထဲမှာတော့ စိုးရိမ်မှုများစွာနှင့်။ တစ်ရန်တော့ အေးသွားခဲ့ပြီ။ သူနဲ့ စကားပြောရင်း ခံစားရတယ်။

စကားပြောနေရင်း မျက်ရည်တွေ ၀ိုင်းမိလို့ အကြိမ်ကြိမ် ထိမ်းထားခဲ့ရသေးတယ်။ ဒါတွေ သူသိမှာမဟုတ်ဘူး။ သူကော… ဒီလိုအချိန်မှာ ဘယ်လိုနေမလဲ ဘယ်လိုမျက်နှာရှိမလဲ.. သိချင်လိုက်တာ။ ငါ ခံစားရသလို သူကော ခံစားနေရသလားလို့ ပါ။

သူရွှေးချယ်ခဲ့ပြိးမှ နောင်တရနေတာလား။ ဘာပဲဖြစ်ဖြစ် သူ့ ကို သိပ်ချစ်ခဲ့တာ သူနားလည်နေခဲ့တယ်။ သူ့ ကို ချစ်နေမှန်း ဘယ်လောက်ထိ ချစ်တယ်ဆိုတာ သူ မသိဘူးပဲ ထင်ခဲ့တာ။ သူ ငါနဲ့ ပတ်သက်၊ပြီး မက်တဲ့ အိမ်မက်က ဘယ်လိုများလဲ သိချင်မိတယ်။ သူ့ ကိုဖွင့်ပြောပြပေမယ့် ဘယ်လိုရှေ့ဆက်ရမယ်မှန်း မသိဘူး။

ရင်ထဲမှာ နောက်ထပ်ဆက်ရန်တွေနဲ့  တွေဝေနေမိသေးတယ်။ အရာရာက သတ်မှတ်လို့ မရသေးဘူး။ သူနဲ့ ပြန်ဆုံခဲ့တော့ တည်ငြိမ်နေပြီထင်ခဲ့တဲ့ နှလုံးသားက ရင်နင့်နေအောင် ခံစားနေရသေးမှန်း သိခဲ့တယ်။ ခံစားချက်က ပျောက်ကွယ်မသွားခဲ့ဘူး။ ပြန်လည် နိုးထနေသေးတယ်။ တည်ငြိမ်နေပြီထင်ခဲ့တာ မတည်ငြိမ်ခဲ့သေးဘူး။

သူနဲ့ ဆုံပြီး စဉ်းစားမိတယ်.. အတွေးတွေလဲ ခဏခဏ ၀င်မိတယ်။ အကောင်းတွေးလိုက်.. အဆိုးတွေးလိုက်နဲ့ တစ်ယောက်တည်း သိပ်ပင်ပမ်းတယ်။ သူကော သူ့ စိတ်ကူးအတွေးထဲမှာ ငါဆိုတာကော ရှိပါသေးရဲ့လား။ ငါဆိုတာ ရှိနေခဲ့ရင်လည်း သူ့ ရဲ့  ဘယ်နေရာမှာ ရှိနေခဲ့သလဲ။

သူက ငါ့ကို ထားခဲ့နိုင်ဖို့ထိ စိတ်ဆုံးဖြတ်နိုင်ခဲ့တာတွေဟာ သူ့ရဲ့  အဓိကနေရာမှ ငါမဟုတ်ဘူးဆိုတဲ့ သဘော သူဖော်ပြနေခဲ့သလိုပဲ။ ဒါပေမယ့်.. ဒါပေမယ့်ပေါ့ဟာ.. ခံစားချက်ပေါင်းများစွာနှင့် ငါကတော့ သူ့ ကိုမျှော်နေမိတယ်။

ဝန်မခံတဲ့ စိတ်နဲ့ နေခဲ့ပေမယ့် ငါမသိတဲ့ အပြုအမူတိုင်းက သူ့ အတွက်ဖြစ်နေခဲ့တယ်။ ရင်ထဲမှာ သူရှိနေခဲ့တယ်။ ငါ့ကိုယ်ငါတောင် မသိခဲ့ရဘူး။ ဒါပေမယ့် သူသိနေတယ်ဆိုတာ ငါ သိပြိးနောက်ပိုင်း သူ့ ရဲ့ တစ်နေရာမှာတော့ ငါဆိုတာ ပိုခိုင်မာခဲ့မယ်လို့  ယုံကြည်မိတယ်။

ခံစားရသမျှကို ဖွင့်ပြောမိသော်လည်း သူလှောင်ရယ်နေမှာကို စိုးရိမ်မိတယ်။ သူ့ ကိုလဲ မေးခဲ့ဖူးတယ်။ မင်း လှောင်ရယ်နေပြီလားလို့ ။ မင်း တွေးထင်သလို ပြုမူတတ်တဲ့ ငါ မဟုတ်ဘူးဆိုတဲ့ စကား သူ ပြောခဲ့တယ်။ ဒီစကား မှားသည် ဖြစ်စေ မှန်သည်ဖြစ်စေ စိတ်ချမ်းသာစရာပဲ တွေးတော့မယ်။

ချစ်ခဲ့.. ခံစားခဲ့ရသမျှ ပင်ပမ်းလွန်းလို့ ပါ။ ဒါပေမယ့် တစ်ယောက်တည်းတော့ ကြိတ်ခံစားပြိး မြိုသိပ်ထားပါအုန်းမယ်။

ဘာ့ကြောင့် ရှင့်ကို ချစ်မိရသလဲ။ ဘာ့အတွက်ကြောင့် ချစ်သွားခဲ့တာလဲ။ စဉ်းစားလေ တွေဝေမိန်းမောလေလေ ပါပဲလား။ သတိရတယ်။ လာမယ်ပြောထားတော့ သော့လော သော့လော အတွေးများနှင့် စောင့်မျှော်နေမိတယ်။ ဒါကို ရှင်ကတော့ သိပါ့မလား။

စကားပြော မချိုသာပေမယ့် ရှင့်တစ်ယောက်တည်းကို ချစ်တဲ့ အချစ်တွေ နှလုံးသားတစ်ခုလုံးအပြည့်ပါ။ နောက်ထပ်နေရာတောင် ထပ်မရှိတော့ဘူး။ အကန့်တွေ သတ်မှတ်ထားခဲ့တဲ့ ကျွန်မ ရှင့်ကို အပိုင်ပေးခဲ့မိပြီ။ ကိုယ်ကိုယ်တိုင်တောင် မသိခဲ့ရပါဘူး ချစ်သူရယ်။ စောင့်မျှော်နေမိတယ်။

ချစ်သူရယ်.. အပြစ်ရယ်လို့  ပြောမယ့် စကားလုံးလေးတွေတောင် မရှိခဲ့ရတာ ဒကယ်ပါ။ မကျေနပ်ခြင်းရယ်လို့  စိတ်မှာ ခဏတာ တစ်ခါတစ်လေ ဖြစ်မိပေမယ့် ကြာရှည်လွန်းစွာ စိတ်မဆိုးမိပါလားကွယ်။

သိပ်ချစ်တယ် ချစ်သူရယ်။ ချစ်ရသမျှတွေကို ချစ်သူ သိမှာမဟုတ်ဘူးနော်။ သိစေချင်ပါတယ်.. ဒါပေမယ့် ရှက်တော့ ရှက်တာပေါ့လေ။ နှလုံးသားနှင့်အပြည့် ကျွန်မ အချစ်တွေဟာ ရှင့်အတွက်ပါ။

( ပြောင်းလဲသွားတဲ့ သဘောတစ်ရား အမှန် ဘာမှ မရှိခဲ့ပါဘူး.. စိတ်သည် စိတ်ရဲ့ ခံစားရာပဲဖြစ်ခဲ့လေသည်.. ဒီဇာတ်လမ်းရဲ့ အဆုံးမှာ အရင်လို ချစ်တုန်းပဲ..ဆိုတဲ့ စကားတစ်ခွန်းနဲ့ အဆုံးသတ်ပေးခဲ့လေသည်..။ )