Pages

Saturday, October 8, 2011

ပြယုတ် ဆန်ဆန်...

ရော်ရွက်ဝါတွေ ပြောင်းလဲ
မဟောင်းနိုင်သေးတဲ့
ပုံပြင် ဆန်ဆန် အိမ်မက် တစ်ပုဒ်
ပုံစံပြောင်းပြီး.. ရာသီနှောင်းချင်လဲ
ပြောင်းချင်တိုင်း ပြောင်းခွင့်မရနိုင်တဲ့ 
အိမ်မက် ဆန်ဆန် ပြဇာတ်...

ခုတော့.. အရာရာက
မင်း.. အတွက်.. ငါ...
ပြောင်းလဲ ပေးခဲ့ရပြီ..။

မင်း.. အတွက်..
ပေးဆပ်နိုင်ခဲ့တာ.. ဒီ တစ်ခုတည်း ရှိခဲ့လို့..
နားလည်ချင်ပေမယ့်...
နားမလည်နိုင်တာ.. ထာဝရ အတွက်ကောင်းပါတယ်ပြောရင်..
စိတ် ဆိုးလေမလား...။

အိမ်မက်ငယ်... မပြောင်းလဲ နိုင်ခဲ့ရင်လည်း..
မဟောင်းနိုင်သေးဘူးဆိုတာ...
ရင်ထဲက ပြယုတ်တစ်ခုကို..
ဘယ်အချိန်... ဘယ်နေရာမှာ ဖြစ်ဖြစ်..
ထုတ်ကြည့်လိုက်တိုင်း..
အမြဲ သစ်လွင်နေမယ်ဆိုတာ..
ယုံကြည်လိုက်ပါ..။

ဒါ.. မင်း မသိနိုင်ခဲ့တဲ့..
ငါ့.. ရင်ထဲက ပြယုတ် အစစ်မှန်ပဲ.. ဆိုတာ..
ယုံကြည်သူသာ သိလိမ့်မယ်..။

ဆောင်းတော်ဝင်

Tuesday, July 19, 2011

သို့…ချစ်ရသူ




ဘာကြောင့်မှန်း မသိဘူး တည်ငြိမ်နေခဲ့ပြီထင်သော နှလုံးသားတစ်ခု သူ့ရဲ့ခေါ်သံ တစ်ချက်မှာပဲ ပျော်ရွှင်စွာ ပျော်မြူးရင်း လှုပ်ခတ်သွားသော နှလုံးသားတစ်ခု။ မပြောင်းလဲပဲ တည်ရှိနေသေးတယ်။ မရေရာစွာ ဖြစ်ပျက်ခဲ့တဲ့ ဒီလမ်းမှာ မျှော်လင့်ချက်မဲ့ကာ လျှောက်လှမ်းခဲ့တယ်။

သူနဲ့ ပြန်ဆုံချိန်မှာ မရည်ရွယ်ခဲ့မိသော ရင်ထဲစကားများ ဖွင့်ပြောခဲ့မိတယ်။ သူ.. သူလည်း ပြောပြခဲ့တယ်..။ မျက်လုံးမှာ ပုလဲတွေ ခခဲ့တယ်။ ပါးပြင်မှာ မြစ်ပင်လယ် ဖြတ်သန်းခဲ့တယ်။ ဒါတွေကို သူသိမှာ မဟုတ်ဘူး။ မုန်းအောင်လို့  လုပ်ခဲ့ပြီးမှ ဘာ့ကြောင့် ပြန်ပြောပြခဲ့တာလဲ ချစ်ရသူ..။

နောက်ထပ်တစ်ကြိမ် နောင်တ မရချင်သောကြောင့် အခွင့်သင့်ကာ လမ်းကြောင်းမှန်တုန်း တစ်ကိုယ်တည်း မြိုသိပ်ကာ နောင်တရခဲ့သမျှပြောပြခဲ့မိတယ်..။

သူ.. သူ တောင်းပန်ခဲ့တယ်..။ သူ့ရဲ့ စကားတစ်ခွန်းမှာ ငါခံစားခဲ့ရတဲ့ နေ့ ရက်တွေ ကို မေ့ပျောက်ပြစ်နိုင်ခဲ့တယ်။ နှစ်၊ ရက်၊ လ၊ နာရီနဲ့ ချီပြီး ခံစားခဲ့ရတဲ့ ခံစားချက်ကို သူ့ ရဲ့ တောင်းပန်စကားတစ်ခွန်း ပြောကြားရုံလေးနဲ့  အရာအားလုံး ငါ နားလည်ပေးနိုင်ခဲ့တယ်။ အဲဒါဘာ့ကြောင့်လဲ.. ငါ့ကိုယ်ငါ ထပ်မမေးတော့ဘူး။ ဒါပေမယ့် စိတ်ထဲ ခံစားခဲ့ရသမျှ သူ့ ကိုပြောပြခဲ့ပေမယ့် ရှေ့ ဘယ်လိုဆက်ရမလဲ.။ စဉ်းစားထားတာ ဘာမှမရှိသေးဘူး။

သူ့ နဲ့ ပြန်ဆုံပြီး အတိတ်ရဲ့ အကြောင်းတွေ ခံစားခဲ့ရသမျှတွေ ပြောပြနိုင်ခဲ့လို့  ရင်ဘတ်တစ်ခုလုံး နင့်နေအောင် ခံစားခဲ့ရတယ်။ ဒါပေမယ့် သူနဲ့ပြန်ဆုံတွေ့ရလို့ပျော်တယ်.. အလိုလိုပြုံးမိတယ်။

သူကပြောတယ် မင်းမှန်ပါတယ်တဲ့ အမြဲ မင်းမှန်နေခဲ့တာပါတဲ့.. အိမ်မက်ထဲထိတောင် မင်းမှန်ခဲ့တာပါတဲ့.. သူပြောတယ်..။ ပြိးတော့ သူ တောင်းပန်တယ်။

စိတ်ပျော့ညံ့ခဲ့ပြီလား။ အမြဲ စိတ်မာပြီး ရပ်တည်နေတဲ့ငါ သူ ဘာပြောပြော နားလည်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ရင်ထဲမှာတော့ စိုးရိမ်မှုများစွာနှင့်။ တစ်ရန်တော့ အေးသွားခဲ့ပြီ။ သူနဲ့ စကားပြောရင်း ခံစားရတယ်။

စကားပြောနေရင်း မျက်ရည်တွေ ၀ိုင်းမိလို့ အကြိမ်ကြိမ် ထိမ်းထားခဲ့ရသေးတယ်။ ဒါတွေ သူသိမှာမဟုတ်ဘူး။ သူကော… ဒီလိုအချိန်မှာ ဘယ်လိုနေမလဲ ဘယ်လိုမျက်နှာရှိမလဲ.. သိချင်လိုက်တာ။ ငါ ခံစားရသလို သူကော ခံစားနေရသလားလို့ ပါ။

သူရွှေးချယ်ခဲ့ပြိးမှ နောင်တရနေတာလား။ ဘာပဲဖြစ်ဖြစ် သူ့ ကို သိပ်ချစ်ခဲ့တာ သူနားလည်နေခဲ့တယ်။ သူ့ ကို ချစ်နေမှန်း ဘယ်လောက်ထိ ချစ်တယ်ဆိုတာ သူ မသိဘူးပဲ ထင်ခဲ့တာ။ သူ ငါနဲ့ ပတ်သက်၊ပြီး မက်တဲ့ အိမ်မက်က ဘယ်လိုများလဲ သိချင်မိတယ်။ သူ့ ကိုဖွင့်ပြောပြပေမယ့် ဘယ်လိုရှေ့ဆက်ရမယ်မှန်း မသိဘူး။

ရင်ထဲမှာ နောက်ထပ်ဆက်ရန်တွေနဲ့  တွေဝေနေမိသေးတယ်။ အရာရာက သတ်မှတ်လို့ မရသေးဘူး။ သူနဲ့ ပြန်ဆုံခဲ့တော့ တည်ငြိမ်နေပြီထင်ခဲ့တဲ့ နှလုံးသားက ရင်နင့်နေအောင် ခံစားနေရသေးမှန်း သိခဲ့တယ်။ ခံစားချက်က ပျောက်ကွယ်မသွားခဲ့ဘူး။ ပြန်လည် နိုးထနေသေးတယ်။ တည်ငြိမ်နေပြီထင်ခဲ့တာ မတည်ငြိမ်ခဲ့သေးဘူး။

သူနဲ့ ဆုံပြီး စဉ်းစားမိတယ်.. အတွေးတွေလဲ ခဏခဏ ၀င်မိတယ်။ အကောင်းတွေးလိုက်.. အဆိုးတွေးလိုက်နဲ့ တစ်ယောက်တည်း သိပ်ပင်ပမ်းတယ်။ သူကော သူ့ စိတ်ကူးအတွေးထဲမှာ ငါဆိုတာကော ရှိပါသေးရဲ့လား။ ငါဆိုတာ ရှိနေခဲ့ရင်လည်း သူ့ ရဲ့  ဘယ်နေရာမှာ ရှိနေခဲ့သလဲ။

သူက ငါ့ကို ထားခဲ့နိုင်ဖို့ထိ စိတ်ဆုံးဖြတ်နိုင်ခဲ့တာတွေဟာ သူ့ရဲ့  အဓိကနေရာမှ ငါမဟုတ်ဘူးဆိုတဲ့ သဘော သူဖော်ပြနေခဲ့သလိုပဲ။ ဒါပေမယ့်.. ဒါပေမယ့်ပေါ့ဟာ.. ခံစားချက်ပေါင်းများစွာနှင့် ငါကတော့ သူ့ ကိုမျှော်နေမိတယ်။

ဝန်မခံတဲ့ စိတ်နဲ့ နေခဲ့ပေမယ့် ငါမသိတဲ့ အပြုအမူတိုင်းက သူ့ အတွက်ဖြစ်နေခဲ့တယ်။ ရင်ထဲမှာ သူရှိနေခဲ့တယ်။ ငါ့ကိုယ်ငါတောင် မသိခဲ့ရဘူး။ ဒါပေမယ့် သူသိနေတယ်ဆိုတာ ငါ သိပြိးနောက်ပိုင်း သူ့ ရဲ့ တစ်နေရာမှာတော့ ငါဆိုတာ ပိုခိုင်မာခဲ့မယ်လို့  ယုံကြည်မိတယ်။

ခံစားရသမျှကို ဖွင့်ပြောမိသော်လည်း သူလှောင်ရယ်နေမှာကို စိုးရိမ်မိတယ်။ သူ့ ကိုလဲ မေးခဲ့ဖူးတယ်။ မင်း လှောင်ရယ်နေပြီလားလို့ ။ မင်း တွေးထင်သလို ပြုမူတတ်တဲ့ ငါ မဟုတ်ဘူးဆိုတဲ့ စကား သူ ပြောခဲ့တယ်။ ဒီစကား မှားသည် ဖြစ်စေ မှန်သည်ဖြစ်စေ စိတ်ချမ်းသာစရာပဲ တွေးတော့မယ်။

ချစ်ခဲ့.. ခံစားခဲ့ရသမျှ ပင်ပမ်းလွန်းလို့ ပါ။ ဒါပေမယ့် တစ်ယောက်တည်းတော့ ကြိတ်ခံစားပြိး မြိုသိပ်ထားပါအုန်းမယ်။

ဘာ့ကြောင့် ရှင့်ကို ချစ်မိရသလဲ။ ဘာ့အတွက်ကြောင့် ချစ်သွားခဲ့တာလဲ။ စဉ်းစားလေ တွေဝေမိန်းမောလေလေ ပါပဲလား။ သတိရတယ်။ လာမယ်ပြောထားတော့ သော့လော သော့လော အတွေးများနှင့် စောင့်မျှော်နေမိတယ်။ ဒါကို ရှင်ကတော့ သိပါ့မလား။

စကားပြော မချိုသာပေမယ့် ရှင့်တစ်ယောက်တည်းကို ချစ်တဲ့ အချစ်တွေ နှလုံးသားတစ်ခုလုံးအပြည့်ပါ။ နောက်ထပ်နေရာတောင် ထပ်မရှိတော့ဘူး။ အကန့်တွေ သတ်မှတ်ထားခဲ့တဲ့ ကျွန်မ ရှင့်ကို အပိုင်ပေးခဲ့မိပြီ။ ကိုယ်ကိုယ်တိုင်တောင် မသိခဲ့ရပါဘူး ချစ်သူရယ်။ စောင့်မျှော်နေမိတယ်။

ချစ်သူရယ်.. အပြစ်ရယ်လို့  ပြောမယ့် စကားလုံးလေးတွေတောင် မရှိခဲ့ရတာ ဒကယ်ပါ။ မကျေနပ်ခြင်းရယ်လို့  စိတ်မှာ ခဏတာ တစ်ခါတစ်လေ ဖြစ်မိပေမယ့် ကြာရှည်လွန်းစွာ စိတ်မဆိုးမိပါလားကွယ်။

သိပ်ချစ်တယ် ချစ်သူရယ်။ ချစ်ရသမျှတွေကို ချစ်သူ သိမှာမဟုတ်ဘူးနော်။ သိစေချင်ပါတယ်.. ဒါပေမယ့် ရှက်တော့ ရှက်တာပေါ့လေ။ နှလုံးသားနှင့်အပြည့် ကျွန်မ အချစ်တွေဟာ ရှင့်အတွက်ပါ။

( ပြောင်းလဲသွားတဲ့ သဘောတစ်ရား အမှန် ဘာမှ မရှိခဲ့ပါဘူး.. စိတ်သည် စိတ်ရဲ့ ခံစားရာပဲဖြစ်ခဲ့လေသည်.. ဒီဇာတ်လမ်းရဲ့ အဆုံးမှာ အရင်လို ချစ်တုန်းပဲ..ဆိုတဲ့ စကားတစ်ခွန်းနဲ့ အဆုံးသတ်ပေးခဲ့လေသည်..။ )

Thursday, October 7, 2010

Step By Step.


(အစကတော့ သူ့ဘ၀မှာ အချိန်ရယ်.. ငွေရယ်ပဲ.. အရေးပါခဲ့တယ်လို့  ယုံကြည်ခဲ့တယ်..။)


( တစ်နေ့တော့ မျက်စိလည် လမ်းမှားပြီး အချစ်မျှားနတ်မောင် တစ်ယောက် လမ်းမှားပြီး ရောက်လာခဲ့တယ် ထင်တယ်..။ အေးမြခြင်း မေတ္တာရေစင်တွေကို ပြသခဲ့လေတယ်..။ )


( ဘ၀မှာ မထင်မှတ်ထားခဲ့တဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေကို ပျော်ရွှင်စွာ.. ကြည်နူးစွာ.. လက်ခံခဲ့မိတယ်..။)


( အချိန်ကာလ တစ်ခုရောက်တော့ လွမ်းမောခြင်း ဝေဒနာကို ပိုင်ဆိုင် ကြုံတွေ့ ခဲ့ပြန်တယ်..။)


( အချိန်နဲ့ အဖြစ်အပျက်တွေကို ဒဏ္ဏာရီနဲ့ နေ့စဉ်ရက်ဆက် မှတ်တမ်း တင်ထားခဲ့ပြန်တယ်..။ )


( ပြန်လည် တုန့်ပြန်ခဲ့မိတာက ငါပိုင်ဆိုင်ခဲ့တဲ့ နှလုံးသား တစ်စုံကို ပေးအပ်ခဲ့တယ်..။ )


( နောက်ဆုံးတော့.. နောက်ဆုံးတော့လည်း..... *_* *..* )

Thursday, September 30, 2010

Wise!!!

အိမ်မက်တစ်ခု မြင်မက်မိတယ်။ တစ်ချိန်က သူငယ်ချင်းတစ်ယောက်နှင့် ပြန်လည်ဆုံဆည်းရသော အိမ်မက်။
ထိုကဲ့သို့ သော တစ်ချိန်က သူငယ်ချင်းပြန်လည်ဆုံတွေ့ ရသကဲသို့  ခုချိန် ပြန်လည်ဆုံတွေ့ ရမယ်ဆိုရင်။
မှတ်တိုင်တွေ ခြားနေခဲ့မလား။ ရပ်စောင့်နေသူ ဟုတ်သေးလား။ မသေချာ မရည်ရာတော့ဘူးထင်တယ်။
ကန့် သတ်မထားခဲ့ပေမယ့်...............ပြောမပြတတ်တော့ပါဘူး။

အတိတ်မှာပဲ ခြေရာရှာနေခဲ့တာ နှစ်ချီနေပြီ။ စွန့် ခွာမလိုဖြစ်နေပြီးမှ တွေ့ ဆုံခဲ့ရရင် .....
ရှေ့ ဆက်ပြီးမှ နောက်မလှည့်ကြည့်တတ်တော့တဲ့ ငါ့စိတ်ကို မင်းနားလည်ပေးမယ်ဆိုရင်...
ရှေ့ ဆက်နေပေမယ့် မျက်ဝန်း ရီဝေေ၀မှာ ပုလဲသီကုံးနေတာ....မင်းအတွက်ဖြစ်လိမ့်မယ်။

မေ့ဖို့ မကြိုးစားခဲ့ဘူး။ အချိန်တိုင်း အာရုံထဲ ရှိနေခဲ့တာပဲ။
ဒါပေမယ့် ခုတလော နေရာ မရှိသလိုဖြစ်လာတယ် ထင်ရပေမယ့် ခရီးစဉ်ဆုံးခဲ့ရင်တော့ ဒီဘူတာမှာပဲ ရပ်မိနေခဲ့တယ်။

င့ါပေးခဲ့တဲ့ သစ္စာတွေ မင်းလက်ခံမရယူခဲ့ရဘူး။ အချိန်လွန် ဆုံမှတ်တစ်ခု ရှိနေသေးတယ်ဆိုရင် ဘာပြောရမှန်းသိတော့လို့  ဒီအချိန်မှာ မပြောပဲ ရပ်ကြည့်နေတော့မယ်။ ဘယ်အချိန် ဘယ်နေရာမှာ တွေ့ ခွင့်ရခဲ့ပါစေ အချိန်ကြာခဲ့ရင်တောင် ထာဝရ မှတ်မိနေ သိရှိနေမယ့် ပုံရိပ်စစ်တစ်ခု ရင်မှာ မှတ်ကျောက်တင်ရှိလေသူ။

အရာရာကို မေ့ပျောက်ပြစ်တတ်ပေမယ့် မင်းတစ်ယောက်သာ မမေ့နိုင်ခဲ့ဘူး။

မင်းရှေ့ မှာ ငါ ကျရှုံးခဲ့ပေမယ့် ငါရှုံးမှန်း မင်း မသိခဲ့ဘူး။ မင်း ပြုံးပြတဲ့ အပြုံးတစ်ခုကိုတောင် ဖလှယ်အပြုံးတစ်ခု ငါမပေးအပ်ခဲ့ရဘူး။ ဆုံဆည်းခွင့် ရခဲ့ရင် ဘယ်လို အချိန်မျိုး ဖြစ်ဖြစ် တစ်စုံတစ်ရာ၊့ တစ်စုံတစ်ခုတော့ မင်းအတွက် လုပ်ဆောင်ပေးအပ်ခဲ့မယ် ကောင်ကလေး။

ကိုယ့်ကိုယ်ကို နားမလည်တတ်ခဲ့ မသိရှိခဲ့လေသူသည် ပြစ်ဒါဏ်ခံရခဲ့လေသူ မိမိသာ ဖြစ်လေသည်။
မိမိစိတ်ကို မိမိမသိရှီလေသောသူမ။

တစ်စုံတစ်ယောက်ကို ငါရွှေးချယ်ခဲ့ရင် မင်းနားလည်ပေးပါ။ တစ်ယောက်သောသူ အတွက်သာ ရည်ရွှယ်ဆုံးဖြတ်ထားသော ငါ့စိတ်သည် မင်းအတွက် မဖြစ်ခဲ့ရင် မင်းနားလည်ပေးပါ။ မင်းမသိခဲ့ပေမယ့် ငါမင်းအတွက် မင်းတစ်ယောက်ကိုသာ စိတ်အပ်ပြီး နေခဲ့သူပါ။ မင်းအတွက် မဖြစ်သင်တော့မှန်း သိပေမယ့် မင်းကို ငါ ယုံကြည်မှုရှိနေဆဲ။ တစ်နေ့ နေ့  .......။

နောင်.. ပြီးဆုံးရတော့မယ်။ ပင်ပမ်းလွန်းနေတယ်။ နားခိုဖို့  သစ်ပင် အရိပ်ပျောက်ကွယ်နေတယ်။ နေပူထဲမှာ နေပူခံပြီး ငါဆက်လျှောက်မယ် တစ်နေ့ တော့ အေးမြတဲ့ အရိပ်ကို ငါရလိမ့်မယ်လို့  ယုံကြည်တယ်။ ငါ့ကို ခွင့်လွတ်နားလည်ပေးပါ။ င့ါအတွက် တစ်ယောက်သော သူသာရှိသင့်တယ်။

အမှတ်မထင် ပြန်ဆုံခဲ့ကျရင် နောင်မင်းအတွက် ပေးစရာဆိုလို့  ငါ့မျက်ဝန်းထဲက ပြန်ဆုံချိန်မှာ မင်းရှာဖတ်တတ်ဖို့  မျက်ဝန်းရဲ့ ဘာသာ စကားတွေကို မင်းဖတ်တတ်အောင် ငါပေးနိုင်တာ ဒီတစ်ခုပဲ ရှိတော့တယ်။

ငါ့ ဆုံးဖြတ်ချက် မှန်တယ်လို့  မင်းထောက်ခံပေးမယ်လို့  ငါယုံကြည်ပါတယ်။ ဘာလို့ လဲ ဆိုတော့ ငါဘာလုပ်လုပ် ငါ့နောက်ကွယ်က ဖြည့်ဆည်းပေးတတ်ခဲ့တဲ့ မင်း နားလည်နိုင်မယ်ထင်ပါတယ်။ ငါဟာ မင်းအတွက် တစ်ချိန်က မျက်ဝန်းနှင့်သာ စကားဆိုတတ်ခဲ့တဲ့ မင်းအတွက် ထာဝရ ဂျပန်မလေး အဖြစ် ရှိနေတယ်။


ဒါဟာ တစ်ချိန်ကပါ။ မင်းအတွက် င့ါရဲ့ နောက်ဆုံး အပြုံးတစ်ပွင့်...^_^ ^_^

ဆောင်းတော်ဝင်(30.9.2010)

Monday, August 23, 2010

မိမိသည်သာ စိတ်ရှုပ်ရသောသူမဟုတ်

အတွေး စိတ်ကူးထဲ ယောက်ယက်ခတ်နေသော စိတ်ကူးများဖြင့် မွမ်းကျပ်နေသောသူ။ စိတ်၏ ထွက်ပေါက်ကို သာ ရှာရင်း အဖြေရှာ မတွေ့ နိုင်သော သူ။ တွေးလေ တွေးလေ မိန်းမောလေ။ စဉ်းစားရင်း စဉ်းစားရင်း တွေဝေ
မိန်းမောမှုတွေ ပိုများလာတယ်။

မိမိကိစ္စကြောင့်သော်လည်း၊ သူငယ်ချင်း၊ မိတ်ဆွေ၊ မိဘ၊ အသိုင်းအ၀ိုင်းကြောင့်သော်လည်းကောင်း နေ့ စဉ်
နှင့်အမျှ စိတ်၏ သာယာအေးချမ်းမှုကို ရှာမတွေ့ နိုင်။ မိမိကို အလေးထား တန်ဖိုးထားသူများက မေးသောအခါ
"ဒီနေ့  စိတ်ရှုပ်နေတယ်"
ဟူသော စကားသည် မပြောမိသော နေ့ မရှိ။

မိမိကြောင့် စိတ်ရှုပ် စိတ်ညစ်နေရသော သူများလည်း ရှိကြ၏။ မိမိ စိတ်ဆင်းရဲမည်စိုး၍ ဘာမှမဖြစ်သလို ဟန် ဆောင် နေပါသော်လည်း မိမိသည်သာ စိတ်ရှုပ်ရသော သူမဟုတ်။ မိမိ၏ ရည်ရွှယ်ချက် မရှိသော စကား တစ် ခွန်းကြောင့်လည်း ခံစား နာကျင်သွားရသူများလည်းရှိပေသည်။

နေ့ စဉ်နှင့်အမျှ စိတ်ကူးအတွေးများသည် ရှင်းလင်းသော နေ့ကား နည်းပါးလှပေသည်။ ရှုပ်ထွေးသော နေ့များ
သည်သာ လူသားတိုင်းကြုံတွေ့ နေရပေသည်။

အေးချမ်းသော အရိပ်အောက်ကို ရှာဖွေတွေ့ ရှိသော သူသည်
ကား အင်မတန်မှ မြင့်မြတ်သော ပုဂ္ဂိုလ်များသာ ဖြစ်ပေမည်။

စိတ်ထား မြင့်မြတ်သော သူများသည် အတွေးသန့် စင်ပေသည်။ သန့် စင်သော ရေကြည်တစ်ပေါက်ကဲ့သို့  အေး
ချမ်းလှပေသည်။

အတွေးစိတ်များ ဖြစ်ပျက်နေသော အကြောင်းအရာများကို မည်သို့ လုပ်ဆောင်ရမည်နည်းဟု သေချာ ဆန်းစစ်
လေ့လာ ချင့်ချိန် ဝေဖန်ကြည့်သောအခါ ရှင်းလင်းစွာ မြင်ရသော အခါလည်းရှိ၏။ သံယောဇဉ်ကပ်ငြိတွယ်နေ၍
ဖုံးကွယ် ပျောက်ကွယ်နေသော အခါလည်း ရှိပေသည်။

စိတ်ဟူသည်ကား အပြောကျယ်၍ ကျယ်ပြန့်  လှပေသည်။ အတွေးစိတ်ကူးများ ရှုပ်ထွေးနေပါက မြူမှုံကင်းသော ကောင်းကင်ပြာတွင် မဲမှောင်ကာ အရောင်ပြောင်းသွားသော မိုးတိမ်ငွေ့ များနှင့် တူပေသည်။

ကမ်းစပ် တစ်နေရာတွင်သူမ ရောက်ရှိနေပါသော်လည်း ရာသီဥတုက မလှပ။ ရှုပ်ထွေးနေသော အတွေးများနှင့်
ပင်ပမ်းနေရှာသော သူမ။ ကမ်းခြေ၏ လေ၊ လှိုင်း ခတ်သံများက ရိုက်ခတ်။ ခက်ခဲကြမ်းတမ်းသော လမ်းခရီးများ
ရှိသလို၊ ပြေပြစ်သော သဲမြေများကိုလည်း မြင်တွေ့ ရ။

အပြောကျယ်သော ပင်လယ်ကြီးသည်ကား သူ့ တာဝန်နှင့်သူ ကျေပွန်ပေသည်။ မိမိသည်သာရောက်ရှိနေသော ကမ်းခြေတွင် ရှုပ်ထွေးနေသော အဖြေပုဒ်စာများကိုအဖြေရှာရင်း အဖြေမတွေ့ နိုင်။

စဉ်းစားလေလေ တွေဝေငေးမော မိန်းမောလေလေသာ ဖြစ်လာတော့သည်။

ပင်လယ်ကြီးကို သူမကြည့်လိုက်သည်။ ကောင်းကင်က မုန်တိုင်း အငွေ့ အသက်တို့ ဖြင့် မဲမှောင်နေသည်။ ပင်လယပြင်သည် မုန်တိုင်းပေါင်းများစွာ ကြုံတွေ့ ရသည်။ မုန်တိုင်းထန်ပြီးတိုင်း လေပြည်ကလေးများ လာတတ် ကြသည်။ ပတ်ဝန်းကျင် အင်မတန် လှပတတ်သည်။ မုန်တိုင်းထန်ပြီးတိုင်း လေငြိမ်သော အချိန်သည်အင်မတန်မှ သာယာလှပသော သဘာဝ အလှတရား တစ်ခုဖြစ်သည်။

မည်သည့်ကိစ္စနှင့် ကြုံတွေ့ သည်ဖြစ်စေ အမြဲကံဆိုးမနေနိုင်၊ ကောင်းသော အခါလဲ ရှိလာပေသည်။

မည်သို့ မည်ပုံ ဦးတည်ရာမရှိရေးမိသော အတွေးစာစု သက်သက်သာဖြစ်သည်။ ရှုပ်ထွေးနေချိန် ရေးမိ၍ရှုပ်ထွေး နေမှုသည်သာ တွေ့ ရပေမည်။

မည်သူ တစ်စုံတစ်ဦးသည်မှ သောကကင်းသောသူမရှိ။ မည်မျှ ပြည့်စုံပါစေ သောကဟူသည် ရှိစမြဲ။ မိမိတွင်မရှိ
သော်၊ တစ်စုံတစ်ဦး၊ တစ်စုံတစ်ယောက်၏ အကြောင်းအရာများကြောင့် တွေးတောပူပန်၍ သောကရောက်ရ
သည်လဲ ရှိပေသည်။ မိမိကြောင့် မည်သူ့ ကိုမှ သောက မရောက်လို။ ဆင်ခြင် စဉ်းစား တွေးခေါ်တတ်ပါစေ။


ဆောင်းတော်ဝင်

Saturday, August 21, 2010

မင်းအတွက်...

(From Image Google)

နီးစပ်ဖို့ လဲ မလွယ်တော့ဘူး .... ဝေးသွားဖို့ လဲ မခံနိုင်ဘူး...


ငါ အရာရာ စိတ်ချ ယုံကြည်နေမယ်လို့ လားများ မင်းထင်နေလား မှားသွားလိုက်မယ်။ ဘယ်သူ့ ကိုမှ အလုံး စုံ ယုံကြည်စိတ်ချမှုဆိုတာ မထားဘူး။ ယုံကြည်ချင်ရင်တောင် ဒါဟာ အသိစိတ်လွတ်နေတဲ့ အချိန်ပဲ ဖြစ် လိုက်မယ်။

နီးစပ်ဖို့  ကြိုးစားမိရင် ဝေးသွားသလို ခံစားရတယ်။ ဝေးသွားဖို့  စဉ်းစားမိရင် ပိုပို နီးစပ်လာသလို ခံစားရတယ်။

ငါက မင်းကို ချုပ်ကိုင်မယ့်သူတော့ မဖြစ်လိုဘူး။မင်း ဘာလုပ်လုပ် ထိုင်ကြည့်နေမယ့်သူ။ ခွင့်လွတ်သီးခံ နိုင်မှုဆိုတာ အတိုင်းအတာ တစ်ခုထိရှိတယ်။ သူများတွေ ခွင့်မလွတ်နိုင်တဲ့ အတိုင်းအတာ တစ်ခုထိ မင်းကိုငါ နားလည်ပေးဖို့ ကြိုးစားခဲ့တယ်။

ခုလဲ.. ကြိုးစားဆဲပါပဲ...မမြင်ရတဲ့ ကိစ္စတစ်ခုနဲ့  ရန်တော့ မဖြစ်ချင်ဘူး။ အဲလိုမျိုးလဲ ကိုယ် ဘယ်တော့မှ မလုပ်ပါဘူး။

မင်းလုပ်နေတာတွေ မမြင်ရသေးသရွေ့ သတင်းစကားနဲ့ တင် ငါ မင်းကို ထိုင်ကြည့်နေမယ့်သူပါ။ တုံးအလို့ 
မသိတဲ့သူလို့ တော့ မထင်လိုက်ပါနဲ့ .. သိသိကြီးနဲ့  ထိုင်ကြည့်နေတယ်ဆိုတာ တစ်ချိန်မှာ မင်းသိလာပါလိမ့်မယ်။

ဒါပေမယ့် မင်းသိလာမယ့် အချိန်က အရမ်းနောက်ကျနေရင်တော့ ကိုယ်လဲ မတတ်နိုင်ဘူး။ ငါ မင်းကို အချိန်
ပေးခဲ့တယ်....နားလည်မှုပေးခဲ့တယ်...။

အတိုင်ထက်အလွန် ဆိုရင်တော့ ငါ့ရင်ထဲမှာ မင်းနဲ့ ပတ်သက်လာရင် အရာရာက ဗလာနတ်တိ ဖြစ်နေလိမ့်မယ်။

မင်းလုပ်နေတာတွေ မသိလို့  မင်းလှည့်တိုင်း ငြိမ်နေမယ့်သူတော့မဟုတ်ဘူး။ မင်း လုပ်တာမှန်သမျှ သိသိကြီးနဲ့ 
ဘယ်တော့ မင်း အသိစိတ်ဝင်လာမလဲဆိုတဲ့ အတွေးနဲ့ ထိုင်ကြည့်ပေးနေတဲ့သူပါ။ ကိုယ်က မသိလို့  မင်းလုပ်သမျှ ငြိမ်ပေးနေတာ မဟုတ်ဘူး။

သိသိနဲ့  ဘယ်လောက်ထိ မင်းလုပ်နိုင်မလဲလို့  သေချာစောင့်ကြည့်ပေးပြီး ထိုင်ကြည့်နေတဲ့သူ။

ယုံကြည်မှုဆိုတာ ကင်းမဲ့သွားအောင် မလုပ်နဲ့ ။


မျှော်လင့်ချက် မရှိတဲ့သူတောင် ယုံကြည်မှုလေးတစ်ခုရှိနေရင် ရှင်သန်နေထိုင်နိုင်ပါသေးတယ်။ ဘယ်သူမှ အမှား ကင်းတဲ့သူမရှိဘူး ဆိုတာ နားလည်ထားလို့  ဒီလို ငြိမ်ငြိမ်လေး နေပေးတာ။ သောကတွေ ဘယ်တော့ များကင်းစင်နိုင်မှာလဲ.။

တစ်နေ့ ထက် တစ်နေ့  မယုံကြည်မှုနဲ့ ငါ့ကိုရှင်သန်စေချင်တာလား။ ရှင်လျှက်နဲ့ သေနေသူလို ဖြစ်စေ ချင်တာလား။

ငါက ဟိုး..အရင်းကတည်းက အသဲနှလုံးမရှိတဲ့ ကျောက်ရုပ်ပါလို့  ကင်းပွန်းတတ်ပေးခံရတဲ့သူ ဖြစ်လာခဲ့တာ မဆန်းပါဘူး။

မချစ်တတ်တာ မဟုတ်ပါဘူး။ သူများထက် ပိုချစ်တတ်တယ်။ ပိုချစ်တတ်တဲ့သူက အရှုံးပဲတဲ့။

ငါ သိပ်ချစ်မိသွားရင်တောင် ငါ့မင်းကို ဘယ်လောက် ချစ်တယ်ဆိုတဲ့အကြောင်း ပြောပြဖွင့်ဆိုမယ့် သူတော့ မဟုတ်ဘူး။

ဘယ်သူပိုချစ်မှန်း သိရင် ပိုဆိုးသွားမှာစိုးလို့ ။ ဒါပေမယ့် ငါ့နောက်ကွယ်မှာ ဘာဖြစ်ဖြစ်လုပ်ပါ။ ငါ မျက်စိရှေ့ မှာတော့ မမြင်မိစေနဲ့ပေါ့။ မြင်တဲ့နေ့  သူများတွေလိုတော့ ရန်ဖြစ်မှာမဟုတ်ဘူး။

အကြည့် တစ်ချက်နဲ့ တင် ဒီနေရာ အားလုံးပြီးဆုံးသွားအောင် အဆုံးသတ်ပေးခဲ့မယ်။ ဒါတွေဟာ မင်းအတွက် ကိုယ်ပေးနိုင်တာလို့  ထင်တယ်။

ကိုယ်လျှောက်နေတဲ့လမ်း မှားသွားမှန် သိနေခဲ့ရင်တောင် ဆက်လျှောက်မယ့် သူပါ။ မင်းကိုလဲ ဒီလိုပဲ....့ အပြီးသတ် ပြီးပါပြီလို့  အမူအရာလုပ်ပြခဲ့ရင် ကိုယ်ရှေ့ ဆက်လျှောက်နေမယ့် လမ်းမှာ နောက်ကို ဘယ်တော့မှ လှည့်မကြည့်တော့ဘူး။

ိကိုယ် တစ်ခုတော့ ဆုတောင်းပေးခဲ့လိုက်မယ်....။ ကိုယ့်လို နားလည်ပေးနိုင်မယ့် သူ မင်းဆီမှာ နောက်ထပ်ရှိလာနိုင်ပါစေလို့ ။ (မင်း တောင်းဆိုလာခဲ့ရင်ပေါ့။ မင်း လိုအပ်ချိန် ကိုယ်ဟာ အမြဲရှိပေးမယ့်သူ။)

အတိတ်အဖြစ်တွေဟာ ရင်ထဲမှာ သတိရတိုင်း ပြန်လှည့်ပြီး တွေးလို့ ရပေမယ့် လက်ရှိမှာတော့ သုံးလို့ မရတော့တဲ့ ဒိတ်လွန် အစားအစာလိုပါပဲ။

နှမျောပေမယ့် မတတ်နိုင်ဘူးလေ။ ငေးကြည့်ရုံက လွဲလို့ ။

( ဒီစာ အမှတ်တမဲ့ မင်း ဖတ်မိရင် "မင်းထင်ရက်တယ်" လို့  တွေးပြီး စိတ်ဆိုးနေရင်လဲ မတတ်နိုင်ဘူးကွယ်။
ဒါက Post တစ်ခုပဲ။ ကိုယ်က ရှေ့ ကို အမြဲတစ်လှမ်း ပိုကြည့်တတ်သလို နောက်ကိုလဲ တစ်လှမ်း ဆုတ်ကြည့်တတ်တဲ့သူမို့ ပါ။

ယုံကြည်မှုကို အကုန်ပုံအပ်ထားရင် ခံရတာက ပိုများတယ်တဲ့။ စိတ်မကောက်ပါနဲ့  မချော့တတ်လို့ ပါ။ ထိုင်ကြည့်နေပြီး မင်းလက်ကို ဆုပ်ကိုင်ပေးရုံကလွဲလို့  ကိုယ် စကားပြောပြီး နှစ်သိမ့်မပေးတတ်လို့  ဆိုတာ မင်းနားလည်တယ်ဆိုတာ ကိုယ် ယုံကြည်တယ်။ (ကိုယ့် အမှုအကျင့်တွေ မင်းနားလည်တတ်သူမို့ ပါ။)

ဒီလို အပြုအမှုက စကားအများကြီးပြောတာထက် ပိုထိရောက်မယ်လို့  ကိုယ်တွေးမိတယ်။ ဂွတ်နိုက်...ချစ်သူ...။ ကောင်းသော ညလေးပါပဲ။ )


သူဟာ အဲလို လူမဟုတ်ပေမယ့်  စိတ်ကူးအတွေးလေးနဲ့ ရေးမိတာပါ...သူများ စာသွားဖတ်မိပြီး ပို့ စ်ရေးမိတာ။ စာဖတ်မိတာနဲ့ တင် စိတ်ဓာတ်ကျနေပါအုန်းမယ်။ စိတ်ကူးနဲ့  ရေးမိတာနော်...စိတ်ဆိုးမနေနဲ့ အုန်း...။ မင်း ကိုယ့်ကိုဘယ်တော့မှ မလုပ်ဘူးဆိုတာ ကိုယ့်စိတ်ထဲမှာ ထာဝရ ယုံကြည်နေသူပါ။ ခွှင့်လွှတ် နားလည်ပေးနိုင်သူမို့ ။


(မှတ်ချက်) ။ ။ ပေးစာ တစ်စောင် ပြီးဆုံးခြင်း။


ဆောင်းတော်ဝင်

ရှုပ်ထွေးနေသောအတွေးများ...

(From Image Google )


စိတ်ကူးနဲ့ ရူးခဲ့ရတဲ့....ပြီးဆုံးတော့မယ့်  ပန်းချီကားလေး တစ်ချပ်အဖြစ် ကိုယ်တို့  အဖြစ်က ပြောင်း လဲ လာ တော့ မယ် ထင်ပါတယ်။

ဒီစိတ်ကြီးကို လက်မခံချင်တော့ဘူးလို့  လွှင့်ပစ်လိုက်ချင်ပါသော်လည်း အမြစ်တွယ်နေသော သစ်ပင်ကလေး ကဲ့သို့ သော နှောင်ကြိုး တစ်ခုတွင် ရပ်တည်မိသော အခါ.....။

နှောင်ကြိုးတစ်ခုတွင် ရပ်တည်မိသော သစ်ပင်....
သစ်ပင်ကို ချစ်သော ငှက်ကလေး တစ်ကောင်...
စွန့် ခွာ မသွားနိုင်သော ထို ငှက်ငယ်ကို စွန့် ခွာသွားအောင် မည်သို့  စွမ်းဆောင်ရပါမည်နည်း။

မည်သူ တစ်စုံတစ်ဦး.... တစ်စုံတစ်ယောက်ကိုမှ ဒါဏ်ရာမရစေချင်ပါ။
မိမိသော် လည်းကောင်း၊ တစ်ပါးသူကိုလည်းကောင်၊ မထိခိုက် မနစ်နာစေချင်သော ဆန္ဒတစ်ခု။

သူတစ်ပါး စိတ်ဆင်းရဲမည်စိုး၍ မိမိ စိတ်ဆင်းရဲရသည်။ သူတစ်ပါး စိတ်ချမ်းသာစေချင်၍ မိမိ ရွှေးချယ်ရမည်။
နားလည်ပေးသူရှိသကဲ့သို့  နားမလည်နိုင်သူလည်း ရှိမည်။

မိမိတွေးထင် စိတ်ပူပေးရမည့် သူဟု ထင်ခဲ့ပါသော်လည်း လွဲမှားနေကြောင်း သိလိုက်ရသော အခါ...။
မိမိ၏ စိတ်ကို ထိမ်းချုပ်ရုံမှ တစ်ပါး အခြား စွမ်းဆောင်နိုင်သော နည်းလမ်းရှိပါအုန်းမည်လော။

ကိုယ်...ယုံကြည်ထင်မှတ်ထားသော ပုံရိပ်၏ နောက်ကွယ်တွင် တစ်ခြား ကွယ်မြုပ်ပျောက်ကွယ်နေသော ထိုသူ၏ ပုံရိပ်ကို ၀ိုးတစ်ဝါး သိလိုက်ရသောအခါ။

မိမိ၏ စိတ်ထဲဝယ် ရှုပ်ထွေးနေသော အတွေးပေါင်းမြောက်များစွာအတွက် အဖြေကို ရှာသော အခါ တစ်ချက်ခြင်း၊ အကြောင်းအရာ တစ်ခုခြင်းစီကို ပြန်လည် ရေးသား မှတ်ယူထားမှ နောင်အခါတွင် ထိုအမှားမျိုး ကြုံတွေ့ လာပါက အလွယ်တကူ ဖြေရှင်းနိုင်စေရန် နည်းလမ်းရစေသည်။

တူညီသော အမှားမျိုး နောက်ထပ်မရှိစေရန် မိမိကိုယ် မိမိ ရည်ရွှယ်သည်။

သေချာ ရေးသည်၊ သေချာ ပြန်ဖတ်သည်၊ အဖြေကို တစ်ချက်ခြင်း စဉ်းစားသည်၊ မိမိလုပ်ဆောင်ရမယ့် အစီအစဉ်၊ လုပ်ဆောင်ရမယ့် အကြောင်းအရာ ကိစ္စများကို ထင်ရှားစွာ ဆုံးဖြတ်၊ မြင်တွေ့ လာပေသည်။

မိမိ၏ ရှုပ်ထွေးနေသော အတွေးများ ဖြန့် ကျက်သော စိတ်ကွန်ယက် ဆိုသည်မှာကား...။


ဆောင်းတော်ဝင်