Pages

Saturday, August 21, 2010

ရှုပ်ထွေးနေသောအတွေးများ...

(From Image Google )


စိတ်ကူးနဲ့ ရူးခဲ့ရတဲ့....ပြီးဆုံးတော့မယ့်  ပန်းချီကားလေး တစ်ချပ်အဖြစ် ကိုယ်တို့  အဖြစ်က ပြောင်း လဲ လာ တော့ မယ် ထင်ပါတယ်။

ဒီစိတ်ကြီးကို လက်မခံချင်တော့ဘူးလို့  လွှင့်ပစ်လိုက်ချင်ပါသော်လည်း အမြစ်တွယ်နေသော သစ်ပင်ကလေး ကဲ့သို့ သော နှောင်ကြိုး တစ်ခုတွင် ရပ်တည်မိသော အခါ.....။

နှောင်ကြိုးတစ်ခုတွင် ရပ်တည်မိသော သစ်ပင်....
သစ်ပင်ကို ချစ်သော ငှက်ကလေး တစ်ကောင်...
စွန့် ခွာ မသွားနိုင်သော ထို ငှက်ငယ်ကို စွန့် ခွာသွားအောင် မည်သို့  စွမ်းဆောင်ရပါမည်နည်း။

မည်သူ တစ်စုံတစ်ဦး.... တစ်စုံတစ်ယောက်ကိုမှ ဒါဏ်ရာမရစေချင်ပါ။
မိမိသော် လည်းကောင်း၊ တစ်ပါးသူကိုလည်းကောင်၊ မထိခိုက် မနစ်နာစေချင်သော ဆန္ဒတစ်ခု။

သူတစ်ပါး စိတ်ဆင်းရဲမည်စိုး၍ မိမိ စိတ်ဆင်းရဲရသည်။ သူတစ်ပါး စိတ်ချမ်းသာစေချင်၍ မိမိ ရွှေးချယ်ရမည်။
နားလည်ပေးသူရှိသကဲ့သို့  နားမလည်နိုင်သူလည်း ရှိမည်။

မိမိတွေးထင် စိတ်ပူပေးရမည့် သူဟု ထင်ခဲ့ပါသော်လည်း လွဲမှားနေကြောင်း သိလိုက်ရသော အခါ...။
မိမိ၏ စိတ်ကို ထိမ်းချုပ်ရုံမှ တစ်ပါး အခြား စွမ်းဆောင်နိုင်သော နည်းလမ်းရှိပါအုန်းမည်လော။

ကိုယ်...ယုံကြည်ထင်မှတ်ထားသော ပုံရိပ်၏ နောက်ကွယ်တွင် တစ်ခြား ကွယ်မြုပ်ပျောက်ကွယ်နေသော ထိုသူ၏ ပုံရိပ်ကို ၀ိုးတစ်ဝါး သိလိုက်ရသောအခါ။

မိမိ၏ စိတ်ထဲဝယ် ရှုပ်ထွေးနေသော အတွေးပေါင်းမြောက်များစွာအတွက် အဖြေကို ရှာသော အခါ တစ်ချက်ခြင်း၊ အကြောင်းအရာ တစ်ခုခြင်းစီကို ပြန်လည် ရေးသား မှတ်ယူထားမှ နောင်အခါတွင် ထိုအမှားမျိုး ကြုံတွေ့ လာပါက အလွယ်တကူ ဖြေရှင်းနိုင်စေရန် နည်းလမ်းရစေသည်။

တူညီသော အမှားမျိုး နောက်ထပ်မရှိစေရန် မိမိကိုယ် မိမိ ရည်ရွှယ်သည်။

သေချာ ရေးသည်၊ သေချာ ပြန်ဖတ်သည်၊ အဖြေကို တစ်ချက်ခြင်း စဉ်းစားသည်၊ မိမိလုပ်ဆောင်ရမယ့် အစီအစဉ်၊ လုပ်ဆောင်ရမယ့် အကြောင်းအရာ ကိစ္စများကို ထင်ရှားစွာ ဆုံးဖြတ်၊ မြင်တွေ့ လာပေသည်။

မိမိ၏ ရှုပ်ထွေးနေသော အတွေးများ ဖြန့် ကျက်သော စိတ်ကွန်ယက် ဆိုသည်မှာကား...။


ဆောင်းတော်ဝင်

0 comments:

Post a Comment