Monday, June 14, 2010
အိမ်မက်
ဒီနေ့  ထူးထူးဆန်းဆန်း အိမ်မက်တစ်ခု မက်တယ်။
ကျွန်မက မက်လိုက်ရင် အထူးအဆန်းတွေပဲ ကြုံနေတာများတယ်။ ဘာကြောင့်မှန်းလည်း မသိပါဘူး။ အင်း....... ဘာပဲပြောပြောလေ.....ဒီနေ့ အိမ်မက်က ကောင်းသလား ဆိုးသလားတော့ မသိဘူး။ ကျွန်မကတော့ ကောင်း တယ် ထင်တာပဲ။ ကိုယ်လည်း အိမ်မက်အထာ ကောက်တတ်တဲ့သူမှ မဟုတ်တာ။ ကောင်းတယ်ထင်ရင် ကောင်းလိုက်တာပါပဲ...... အိမ်မက်ကဒီလို.....။
မနေ့ ညက အိပ်တော့ နေ့ စဉ်နေ့ တိုင်း အိပ်ယာခင်းနေကြပုံစံထက် ဒီနေ့ အိပ်ယာဝင်ချိန်မှာတော့ အမေက အိပ်ယာခင်းပေးထားတာ စပါယ်ရှယ် သန့် ပြန့် နေတာပဲ......ဟိဟိ.....။ ခါတိုင်းနေ့ ဆို ဖြစ်သလို အိပ်ယာ ဆို ပြီး ရော...ထိုးအိပ်နေတာကိုး......။ ဒီနေ့ မှ ဇိမ်ကျလိုက်သည်ဖြစ်ခြင်း....ဒါတွေအားလုံး အမေ့ကျေးဇူးလေ..........။
ကျေးဇူးပါ မေမေ..........။
မနက် မိုးလင်းကာနီးလေးမှန်းတော့ စိတ်ကသိတယ်။
ဒါပေမယ့် မပီဝိုးတစ်ဝါးအရိပ်တွေမြင်နေရတယ်..........မြင်နေရတာကတော့ မြစ်ရေပြင်လို အကျယ်ကြီး ကမ်းစပ် နားမှာ ရေစီးဆင်းနေတာ မြင်ရတယ်....... ဟိုး............. ရှေ့ကို လှန်းမျှော်ကြည့်လိုက်တော့ စေတီတစ်ဆူ.... ခပ်ဝေးဝေး.... မှုံပြပြလေးပဲ မြင်ရတယ်.......ကျွန်မနဲ့  မျက်နှာချင်းဆိုင် နေရာလေးကို လှမ်းကြည့်လိုက်တော့ မြစ်ရေပြင်က အလည်မှာ ..... ဟိုဘက်ကကမ်းမှာ မုဒ်ဝတစ်ခု.... လူတွေ မုဒ်ဝထဲက နေပြီး တောင်အပေါ်ကို တက်သွားကြတာ မြင်ရတယ်...။
အပေါ်ဆက်မော့ကြည့်လိုက်တော့ အကြီးဆုံးတောင်ပေါ်မှာ မြတ်ဗုဒ္ဒရဲ့ ဆံတော်နဲ့ တည်ထားကိုးကွယ် ထားသော ရှေးဟောင်းဘုရားတစ်ခု......။
အတော်လေး မြင့်တယ်လို့  မြင်ရတယ်..........ဘုရားမှာ ဘာရှိလို့ များ လူတွေဒီလောက်တက် နေကျ ပါလိမ့် နော် လို့  စိတ်ထဲက တွေးပြီး ဒီဘက်ကမ်းကြည့်လိုက်တော့ ဟိုး.......ဝေးဝေး စေတီလေးက ရောင်ခြည်တွေဖြာနေ လိုက်တာ ဘာအရောင်လည်း မသိဘူး........လူတွေကလည်း မမြင်ကြဘူးလားမသိဘူး..........အဲတော့ စိတ်က ထိတ်ခနဲ့ တစ်ခုကို သွားသတိရမိတယ်။
အဲဒါဓါတ်တောက်တာလို့  နယ်အခေါ်အရပြောတာပဲ.............. ဓါတ်တော်တောက်တယ်....ကွန့် မြူး တယ်ဆိုတာ
ဒါလားမသိဘူးဆိုပြီး လူတွေ အော်ပြောပေမယ့် ဘယ်သူမှ ဂရုမစိုက်ကြဘူး....... အော်............လောဘ...........ဒေါသ...........မောဟတွေဖုံးလွမ်းနေလို့  သူတို့ မသိတာများလား...... ကျွန်မဒီလောက် အော်ပြောနေတာ ဘယ်သူမှ ဂရုမစိုက်ကြပါလားနော်....... အော်......မဖြစ်ပါဘူးလေ.........သူတို့ ကိုပြောပေမယ့် မသိရင်နေပါစေတော့.......ကြုံဖူးတုန်းလေး..........မြတ်ဘုရားရဲ့ ရောင်ခြည်ကွန့် မြူးတာကို ဖူးမှပါလေ ဆိုပြီးလက်အုပ်ချီထိုင်ကတော့ တော့တာပါပဲ.....။
ဦးသုံးကြိမ်ချပြီးလို့ ခေါင်းပြန်မော့တော့ စေတီတော်က ပုံမှန်ပြန်ဖြစ်နေတာတွေရတယ်.....ငါပဲအမြင်မှားတာလား မသိဘုး........ဆိုပြီး ရောင်ဝါးဝါးလေး လက်အုပ်ချီနေတုန်း..... .....လူတစ်ယောက်ယောက်လာတယ်... ..ယောက်င်္ကျားလား၊ မိန်းမလား မသဲကွဲဘူး.........
အသံပဲ ကြားရတယ်...လူလည်းမြင်ရပါတယ်.........ဒါပေမယ်.့........သိပ်မသိဘူး........။
ကျွန်မကမေးလိုက်တယ်.......
"ဟိုဒီက...ခုနားက မြစ်ကမ်းထိပ်နားက စေတီလေးကလေ ရောင်ခြည်တွေထွက်နေတာ မြင်လိုက်လားဟင်လို့ " မေးတော့ .........
အော်.....ဒါလား....ဒီရွာမှာတော့ ရေတက်ချိန်နဲ့ ........နေထွက်ချိန်ဆို အဲလိုဖြစ်နေလို့  ရိုးနေပြီတဲ့..........။
ဒီလိုပြောတော့ ကျွန်မလည်း ရေပြင်ကိုကြည့်မိတယ်.......ဟုတ်ပါတယ်...................ရေတွေက မနက်ဆိုတော့ တဖြည်းဖြည်းတက်လာနေကြတာလေ..............လူတွေကတော့ ပြောကြတာ အသံပဲကြားရတယ်.........။ဒါက နေစထွက်တော့ နေရဲ့ အလင်းရောင်နဲ့ စေတီပေါ်က ကြွေကပ်ထားတဲ့ အရောင်တွေ ဆုံတွေ့ ချိန် အဲလို ဖြစ်တာလို့ ပြောကြတယ်............ကျွန်မလည်း အော်.....ဟုတ်မလား မသိဘူးဆိုပြီး...... ရောင်တောင်တောင်လေး ဖြစ်မိတယ်...........ပြိးတော့ သေချာပြန်စဉ်းစားကြည့်မိတယ်...........။
အဲလိုနေရဲ့ အလင်းရောင်ကြောင့် ရေတက်ချိန်မှာ ဖြစ်နေရင် ဘာလို့  ရောင်ခြည်တော်က စေတီတစ်ဝန်းလုံး လင်းနေရတာလည်းပေါ့....အလင်းရောင်ပဲမရှိသေးဘူးလေ...နေလည်း မထွက်သေးဘူး အရာရာက မပီ ၀ိုးတစ်ဝါး..မှုံပြပြလေးပဲ ရှိသေးတယ်လို့ ပေါ့......ဒါပေမယ့် ကျွန်မစိတ်ထဲမှာတော့ ကြုံတုန်း ကံဆုံလို့  ဖူးမျှော်ခွင့် ရလိုက်တာလို့  ထင်မိတယ်.............။
ဘုရားရောင်ခြည်ကွန့် မြူးတယ်ဆိုတာ အင်မတန် ဖြစ်ခဲပါတယ်..........အခြေအနေအကြောင်းကြောင်း ဖြစ်ပေါ်လာတာပေါ့ ...သိပ္ပံပညာအရဆိုရင်တော့ ...။
ကဲ.......ထားပါလေ...........သိပ္ပံတွေနဲ့  မရောနှောတော့ပါဘူးဆိုပြီး..........ဒီဘက်အလှည့် ခုနားက မြင်ရတဲ့ မုဒ်ဝပေါ်တက်သွားတဲ့ လူတွေလား ဘာတွေလည်းတော့ မသိဘူး.......လူလို့ တော့ မြင်တာပဲ....... သူတွေကောင်း တွေလည်း ဖြစ်နိုင်ပါတယ်လေ...........ကျွန်မပြောပြတတ်ဘူး...........မြင်တာကို မြင်တဲ့ အတိုင်းပဲ တင်ပြတတ်တယ်.............။
အမြင့်ဆုံး တောင်ပေါ်က ရှေးဟောင်းစေတီ တော်မှာ နေ့ ထူးနေ့ မြတ်တစ်ခုခုတော့ ရှိနေတယ်ထင်တယ်လို့ တွေး မိပြီး ဒီဘက်ကြည့်မိတော့ တောင်ရဲ့  အဆုံးက ရှည်မြောမြောသဏ္ဍာန်ရှိတယ်.......... တောင်ခြေအဆုံး ဟိုဘက်မှာ.........မြစ်ကမ်းစပ်ထိနေတယ်............ခုနားက ကျွန်မမြင်နေရတဲ့ စေတီတော်ရဲ့ ဒီဘက်ထိပ် ဆို ပါတော့............
အိမ်မက်ထဲမှာပဲ မြင်နေရတော့ ကျွန်မကတော့ ပုံရိပ်ထင်ရှားနေပေမယ့် စာဖတ်သူကတော့ ရှုပ်နေမှာသေချာပါတယ်.........း)
အားပါးပါး...................ဒီဘက်မုဒ်ဝပေါ်မှာတော့ လူလား သူတော်ကောင်းတွေလား မသိဘူး တောင်ပေါ် တက်ကြတယ်.......... ဟိုဘက် မြစ်ကမ်း အစပ်အပေါ်ကနေ ရောင်ဝါတွေနဲ့ 
ကောင်းကင်မှာ...............နဂါး..........သိကြားမင်းရဲ့ လက်မှာ ဖလားထဲဘာတွေလည်းတော့ မသိဘူး
လှမ်းမြင်နေရတယ်ဆိုတာက အတော်အဝေးမှာ...........သိကြားမင်းရဲ့ ရှေ့ မှာမှ ဘာလည်းမသိဘူး တစ်ခုခု ပါ သေးတယ်...........အားလုံး ကောင်းကင်မှ မြင်နေရတာက (၄)ခု မမှတ်မိတော့တဲ့ အရာရဲ့ နောက်မှာ သိကြားမင်း က လက်မှာဖလားကိုင်ပြီး ထိုင်ကတော့နေသလို တောင်ပေါ်က ရှေးဟောင်းဘုရားကို..... အဲနောက်မှာမှ..... နဂါးမင်း............
ကျွန်မလည်းကောင်းကင်ကြည့်လိုက်........မုဒ်ဝကြည့်လိုက်.............အံ့သြနေတုန်း.......ဘာဖြစ်ဖြစ်မသိဘူးဆိုပြီး...........
ရှေးဟောင်းဘုရားပေါ်မှာတော့ ဘာပွဲလည်း မသိဘူးဆိုပြီး.ထိုင်ကတော့တော့တာပါပဲ...............။လူတွေကိုအော် ပြောပေမယ့်........လူတွေက ကျွန်မကို အရူးလို့ ထင်သလိုကြည့်နေကြတယ်..........။
ကျွန်မပြောလို့ လိုက်ကြည့်ပေမယ့်.............သူတို့ ဘာမှမမြင်ရဘူးတဲ့လေ............။ ကျွန်မလည်း ဘာမှမပြော တော့ပဲ ထိုင်ကတော့ပြိး မော်အကြည့် မြစ်ကမ်းဟိုး.......ဘက်မှာ တိမ်တွေ အရောင်ပြောင်းပြိး ရာသီဥတုပြောင်း လည်း သွားတာ သတိထားမိလိုက်တယ်............။
ခုနားက ကောင်းကင်မှာ ကျွန်မမြင်နေရတဲ့ အရာတွေ ဘာမှမရှိတော့ဘူး.......။ ကျွန်မ မြင်နေရတာလေ ဒကယ့်ကို ထင်ထင်ရှားရှားကြီးပါ...........။
အော်.............ဘာပဲဖြစ်ဖြစ်ပါလေ...........ဒါလည်း ကံပါလို့  ဖူးထိုက်လို့ ဖူးရတယ်....တွေ့ ထိုက်လို့ တွေ့ ရတယ်ပဲ မှတ်လိုက်ပါတော့တယ်.........။
မုဒ်ဝကို ကျွန်မကြည့်ပြိး ကျွန်မ အဒေါ်ဘက်ကြည့်တော့ သူက တစ်ရားထိုင်နေတယ်.......ကျွန်မလည်း တွေးမိတယ်.....အဒေါ်ငယ်တစ်ရားထိုင်နေတဲ့အောက် ဘုရားလိုကြာပုံလေးပေါ်ရင် ကောင်းမှာပဲလို့ တွေးလိုက်တော့ အချိန်ခဏလေးမှာ ကျွန်မအတွေးဆုံးတာနဲ့  အဒေါ်ငယ် တစ်ရားထိုင်နေတဲ့ နေရာလေးမှာ ကြာပန်းပုံနေရာလေးမှာ အဒေါ်ငယ်ထိုင်နေတာတွေ့ မိတယ်...........။
ကျွန်မလည်း အဒေါ်ငယ့် မျက်နှာချင်းဆိုင်ကြည့်ပြိး ငါလည်း ထိုင်တော့မယ်ဆိုပြီး........မျက်နှာချင်းဆိုင် က ကြာပန်းပေါ်ကို တက်တာ မမှီတစ်မှီဖြစ်နေလို့  ခုန်တက်နေရသေးတယ်............စိတ်ကတော့ အံ့သြမိတယ်...။ ခုနားက ငါ့စိတ်ထဲက ဖြစ်ချင်နေတာ ဘာလို့ ဒီလို ခုချက်ခြင်းကြီး ဖြစ်သွားတာလည်းလို့ ပေါ့...။
အဲလိုနဲ့  ကဲကျွန်မလည်း ငါဘာမှမတွေးတော့ပါဘူးလေ.........ဆိုပြိး..........အဒေါ်ငယ်လို ပဲ ကြာပန်းပုံပေါ်လာတဲ့ တစ်ရားထိုင်တဲ့နေရာလေးပေါ်တက်ပြိး. စိတ်ကိုတည်ငြိမ်အောင်ထားပြီး. .တစ်ရားဆက်ထိုင်နေလိုက်တော့တာပါပဲ.......။
ခဏနေတာနဲ့ အိပ်ယာ က နိုးလာတော့ အိမ်မက်မက်နေတာကို ပြန်စဉ်းစားကြည့်မိတယ်......။
ဒကယ့်အဖြစ်လို......ထင်ထင်ရှားရှားကို မြင်လိုက်ရတာပါ.........။
နဂါးမင်းကော.............သိကြားမင်းကော.....သီကြားမင်းကိုင်ဆိုင်ထားတဲ့ ဖလားကော.ပြိးတော့ မမှတ်မိတော့တဲ့ အရာတစ်ခုကော..............မုဒ်ဝကော...............။
တစ်ခါတစ်ရံမှာ ကျွန်မဟာ အိပ်မက်နဲ့  မရောက်ဖူးတဲ့ နေရာတွေ.......မသွားဖူးတဲ့ နေရာတွေကို ရောက်နေတတ်တယ်။ ရှေးဟောင်းဘုရားတွေကိုလည်း ခဏခဏ ဖူးမျှော်ခွင့်ရတယ်။ ရေလမ်းကလည်း ခက်ခက်ခဲခဲ သင်္ဘောမှောက်ပြိး..........၀ါးဖောင်နဲ့ ဝါးထိုးရင်း....ဒုက္ခရောက်နေရင်းကနေ ကလေးအမေတစ်ယောက်အသက်ကိုကယ်ကာ ကမ်းတစ်ခုမှာ ကပ်မိလို့ ရှေးဟောင်းစေတီတစ်ဆူကို ဖူးမျှော်ခွင့်ရတယ်လို့ လည်း မြင်မက်သေးတယ်......ဖူးရတာတော့ တော်တော်ကြာ ဖူးရတာဆိုတော့ အများမဟုတ်တောင် တော်တော်ရှိနေပြီပေါ့.........။
ပြိးတော့ ရောက်တုန်းဆိုပြိး ဖူးမျှော်ခွင့်ရတဲ့ ဘုရားရဲ့ ဘေးက ကျောင်းဆောင်တွေထဲ ၀င်သွားတော့ ရောဂီတွေ ကျင့်နေပြီး တစ်ရားထိုင်နေတဲ့ အရွယ်မျိုးစုံကိုလည်း မြင်နေရတယ်..........သူတော်ကောင်းတွေ မျက်နှာကြောင့်လားမသိဘူး...........မြင်ရတာ စိတ်ချမ်းသာတယ်.............အကုန်လုံးက...........မျက်ခွံလေးပိတ်ပြိး ကျွန်မလှည့်ပတ်ကြည့်နေတာကိုတောင် မသိသလိုနေနိုင်ကြတယ်.....။ စာအရေးအသားမှားရင်လည်း ခွင့်လွှတ်ပေးကြပါလို့ ..........မြင်အပ်ရော....မမြင်အပ်သော သက်ရှိသက်မဲ့အကုန်လုံးကို တောင်းပန်ပါတယ်.........။
စကားအမှားပါရင် ခွင့်လွှတ်ပေးပါလို့ ............မရေးတတ်ပေမယ့်........ထူးဆန်းတယ်ထင်လို့ ........ကြုံတွေ့ နေရလို့ ..........ပြီးတော့ ဘလော့မှာဘာမှ မရေးပဲ..သူများ ဘလော့ပ်တွေပဲ ထိုင်ထိုင်ဖတ်နေတယ် လို့ ပြောကြလွန်းလို့ ........အဆူခံရသက်သာအောင် အိမ်မက်အကြောင်းကို ဒီနေ့  ရေးဖြစ်သွားတော့တာပါပဲ.......။
စာအရေးအသားညံ့တာတော့ ၀န်ခံပါတယ်..............အဟဲ.....ဒကယ်မရေးတတ်တာပါ..........။
စိတ်ရှည်ပြိး ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။
အိမ်မက်ကို ဘာသာပြန်တတ်ရင်လည်း ပြန်ပေးသွားပါအုန်း.........။
အဆိုးဆိုတာ ရှိသလို ကောင်းတာတွေလည်း ရှိတတ်လို့ ပါ။
အိမ်မက်ဆိုတာလည်း နိမိတ်တစ်ခုပဲလို့  ပြောကြတယ်လေ............သိချင်မိတာတော့ ဒကယ်ပါပဲ......။
ဆရာတော် ဘုရားရှိတုန်းကတော့ အိမ်မက်မက်ရင် ပြောပြပြိး အကောင်းအဆိုးမေးလွန်းအားကြီးလို့  မိတော်ဝင် ညည်းကလေ အိမ်မက်မပြောနဲ့ ထူးထူးဆန်းဆန်းတွေကို တော်တော်မက်တတ်တယ်နော် လို့ တောင် မိန့် တော်မူသွားပါသေးတယ်....။
ကျွန်မကလည်း ကျွှန်မပါပဲလေ...................။
ဆောင်းတော်ဝင်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment