Pages

Monday, August 23, 2010

မိမိသည်သာ စိတ်ရှုပ်ရသောသူမဟုတ်

အတွေး စိတ်ကူးထဲ ယောက်ယက်ခတ်နေသော စိတ်ကူးများဖြင့် မွမ်းကျပ်နေသောသူ။ စိတ်၏ ထွက်ပေါက်ကို သာ ရှာရင်း အဖြေရှာ မတွေ့ နိုင်သော သူ။ တွေးလေ တွေးလေ မိန်းမောလေ။ စဉ်းစားရင်း စဉ်းစားရင်း တွေဝေ
မိန်းမောမှုတွေ ပိုများလာတယ်။

မိမိကိစ္စကြောင့်သော်လည်း၊ သူငယ်ချင်း၊ မိတ်ဆွေ၊ မိဘ၊ အသိုင်းအ၀ိုင်းကြောင့်သော်လည်းကောင်း နေ့ စဉ်
နှင့်အမျှ စိတ်၏ သာယာအေးချမ်းမှုကို ရှာမတွေ့ နိုင်။ မိမိကို အလေးထား တန်ဖိုးထားသူများက မေးသောအခါ
"ဒီနေ့  စိတ်ရှုပ်နေတယ်"
ဟူသော စကားသည် မပြောမိသော နေ့ မရှိ။

မိမိကြောင့် စိတ်ရှုပ် စိတ်ညစ်နေရသော သူများလည်း ရှိကြ၏။ မိမိ စိတ်ဆင်းရဲမည်စိုး၍ ဘာမှမဖြစ်သလို ဟန် ဆောင် နေပါသော်လည်း မိမိသည်သာ စိတ်ရှုပ်ရသော သူမဟုတ်။ မိမိ၏ ရည်ရွှယ်ချက် မရှိသော စကား တစ် ခွန်းကြောင့်လည်း ခံစား နာကျင်သွားရသူများလည်းရှိပေသည်။

နေ့ စဉ်နှင့်အမျှ စိတ်ကူးအတွေးများသည် ရှင်းလင်းသော နေ့ကား နည်းပါးလှပေသည်။ ရှုပ်ထွေးသော နေ့များ
သည်သာ လူသားတိုင်းကြုံတွေ့ နေရပေသည်။

အေးချမ်းသော အရိပ်အောက်ကို ရှာဖွေတွေ့ ရှိသော သူသည်
ကား အင်မတန်မှ မြင့်မြတ်သော ပုဂ္ဂိုလ်များသာ ဖြစ်ပေမည်။

စိတ်ထား မြင့်မြတ်သော သူများသည် အတွေးသန့် စင်ပေသည်။ သန့် စင်သော ရေကြည်တစ်ပေါက်ကဲ့သို့  အေး
ချမ်းလှပေသည်။

အတွေးစိတ်များ ဖြစ်ပျက်နေသော အကြောင်းအရာများကို မည်သို့ လုပ်ဆောင်ရမည်နည်းဟု သေချာ ဆန်းစစ်
လေ့လာ ချင့်ချိန် ဝေဖန်ကြည့်သောအခါ ရှင်းလင်းစွာ မြင်ရသော အခါလည်းရှိ၏။ သံယောဇဉ်ကပ်ငြိတွယ်နေ၍
ဖုံးကွယ် ပျောက်ကွယ်နေသော အခါလည်း ရှိပေသည်။

စိတ်ဟူသည်ကား အပြောကျယ်၍ ကျယ်ပြန့်  လှပေသည်။ အတွေးစိတ်ကူးများ ရှုပ်ထွေးနေပါက မြူမှုံကင်းသော ကောင်းကင်ပြာတွင် မဲမှောင်ကာ အရောင်ပြောင်းသွားသော မိုးတိမ်ငွေ့ များနှင့် တူပေသည်။

ကမ်းစပ် တစ်နေရာတွင်သူမ ရောက်ရှိနေပါသော်လည်း ရာသီဥတုက မလှပ။ ရှုပ်ထွေးနေသော အတွေးများနှင့်
ပင်ပမ်းနေရှာသော သူမ။ ကမ်းခြေ၏ လေ၊ လှိုင်း ခတ်သံများက ရိုက်ခတ်။ ခက်ခဲကြမ်းတမ်းသော လမ်းခရီးများ
ရှိသလို၊ ပြေပြစ်သော သဲမြေများကိုလည်း မြင်တွေ့ ရ။

အပြောကျယ်သော ပင်လယ်ကြီးသည်ကား သူ့ တာဝန်နှင့်သူ ကျေပွန်ပေသည်။ မိမိသည်သာရောက်ရှိနေသော ကမ်းခြေတွင် ရှုပ်ထွေးနေသော အဖြေပုဒ်စာများကိုအဖြေရှာရင်း အဖြေမတွေ့ နိုင်။

စဉ်းစားလေလေ တွေဝေငေးမော မိန်းမောလေလေသာ ဖြစ်လာတော့သည်။

ပင်လယ်ကြီးကို သူမကြည့်လိုက်သည်။ ကောင်းကင်က မုန်တိုင်း အငွေ့ အသက်တို့ ဖြင့် မဲမှောင်နေသည်။ ပင်လယပြင်သည် မုန်တိုင်းပေါင်းများစွာ ကြုံတွေ့ ရသည်။ မုန်တိုင်းထန်ပြီးတိုင်း လေပြည်ကလေးများ လာတတ် ကြသည်။ ပတ်ဝန်းကျင် အင်မတန် လှပတတ်သည်။ မုန်တိုင်းထန်ပြီးတိုင်း လေငြိမ်သော အချိန်သည်အင်မတန်မှ သာယာလှပသော သဘာဝ အလှတရား တစ်ခုဖြစ်သည်။

မည်သည့်ကိစ္စနှင့် ကြုံတွေ့ သည်ဖြစ်စေ အမြဲကံဆိုးမနေနိုင်၊ ကောင်းသော အခါလဲ ရှိလာပေသည်။

မည်သို့ မည်ပုံ ဦးတည်ရာမရှိရေးမိသော အတွေးစာစု သက်သက်သာဖြစ်သည်။ ရှုပ်ထွေးနေချိန် ရေးမိ၍ရှုပ်ထွေး နေမှုသည်သာ တွေ့ ရပေမည်။

မည်သူ တစ်စုံတစ်ဦးသည်မှ သောကကင်းသောသူမရှိ။ မည်မျှ ပြည့်စုံပါစေ သောကဟူသည် ရှိစမြဲ။ မိမိတွင်မရှိ
သော်၊ တစ်စုံတစ်ဦး၊ တစ်စုံတစ်ယောက်၏ အကြောင်းအရာများကြောင့် တွေးတောပူပန်၍ သောကရောက်ရ
သည်လဲ ရှိပေသည်။ မိမိကြောင့် မည်သူ့ ကိုမှ သောက မရောက်လို။ ဆင်ခြင် စဉ်းစား တွေးခေါ်တတ်ပါစေ။


ဆောင်းတော်ဝင်

1 comments:

Naung Taw Lay said...

ကောင်းပါတယ် ။ ဆက်ကြိုးစားပေါ့ ။ ချက်လဲချက် ရေးလဲရေး ။

Post a Comment