မင်းအတွက်...
ဆုံတွေ့ပြီးမှ ခွဲခွာရတာ ဘာလို့လဲ.....
မေးမလို့ လား... မမေးသင့်တော့ဘူး...
အစကတည်းက မတွေ့ ဆုံခဲ့ပဲ ခုမှ ဆုံပြန်ရင်လည်း နောက်ကျနေခဲ့ပြီ...
ဒါ အရင် ဘ၀ အတိတ်ကံကြောင့်ပဲလို့  တွေးလိုက်တော့မယ်...
ဆုံလာသူတွေက ပြောတဲ့စကား တစ်ခွန်းတူနေခဲ့တယ်...
"သူ...စိတ်ချမ်းသာရင် ငါဘာဖြစ်ဖြစ် ကျေနပ်တယ်...လှည့်ကြည့်စရာမလိုဘူးတဲ့..."
ဒီစကား တစ်ခွန်းအတွက် ထပ်တူ ထက်ပိုတဲ့ ခံစားချက်နဲ့ ခံစားရပါတယ်...။
ဒါပေမယ့် မဖြစ်သင့်ဘူး... ထင်လို့  ငါဒီလိုလုပ်ခဲ့တာပါ....။
အဝေး...ကို မထွက်ခွာ ခဲ့တာက ထပ်ပြီး ရက်စက်သလိုဖြစ်နေမှာ ကြောင့် နားလည်ပေးခဲ့တာ...။
ငါ့ကို မင်းနားလည်ပေးဖို့ မတောင်းဆိုခဲ့ဘူး....
အချိန်တန်လို့  တစ်ချိန်ကြရင် အလိုလို မင်းနားလည်လာလိမ့်မယ်...။
မင်းပြောသလို.... ငါလဲပဲ အိမ်ပြန်လမ်းမှာ "အလိုလို မျက်ရည်ကျလာတယ်..."
ဒါ မင်းအတွက် ...ကျခဲ့တဲ့ ပထမဆုံး မျက်ရည်ပဲ...။
"ယောင်္ကျားလေးတွေ ငိုတာ အမှန်တကယ် ချစ်လို့ ...
မိန်းခလေးတွေ ငိုတာ အမှန်တကယ် စွန့်လွတ် ရလို့ ..."
မှန်တယ်...မင်းကို ငါ စွန့် လွှတ်မလို့ ပဲ...ဒါ မင်းအတွက်...
ဒါဏ်ရာ ထပ်မပေးချင်တော့လို့ ....
"အရာရာ သိတတ်တဲ့ မင်းက ဘယ်က စပြောရမှန်းမသိတာ မဖြစ်နိုင်ဘူးတဲ့လား...."
ငါမသိခဲ့တာ...ငါ့စိတ်ပဲ....
ဒါပေမယ့် နောက်ဆုံးမှာ မင်းက ငါ့အတွက် ရိုးသားခြင်း လက်ဆောင်ပဲ ငါပေးခဲ့တယ်...။
................................................။။။။။။။။။။။။။။။။။။။။။။။။။။။။။............................................................
ဆောင်းတော်ဝင်။
Saturday, July 10, 2010
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment