မိမိ Number ကို လူတိုင်းဖတ်ဖူး သိဖူးကြမှာပါ။ ကျွန်မကတော့ မိမိ Number ပဲ တင်ပေးလိုက်ပါတော့တယ်။ တူညီခဲ့ရင်တော့ သိရအောင် မျှပေးလိုက်ပါတယ်လို့ ...
Do You Believe in Numerology?
နံပါတ် (၇) မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ.. မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ.. ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ.. မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ.. အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်.. မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ) အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ.. အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်.. နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်.. အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ…. မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်.. အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့.. ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို စောင့်စားနေတာထက်.. ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်…အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်.. မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ.. မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!
ကဲ... ဒီနေ့လေးမှာ ကံကောင်းမှုများစွာကို ပိုင်ဆိုင်ရပြီး ပျော်ရွှင်နိုင်ပါစေလို့  ကျွန်မ ဆုတောင်းပေး
လိုက်ပါတယ်နော်...။
ဆောင်းတော်ဝင်
1 comments:
နံပါတ် ၇ သမားချင်းတူပါတယ်။
Post a Comment