Pages

Saturday, July 3, 2010

အမှတ်တမဲ့

(From Image Google)

မင်းဟာ ငါ့အတွက် ဖြစ်ချင်မှဖြစ်မယ်။ ငါဟာလည်း မင်းအတွက် ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ငါ့ရင်ထဲမှာ ရှင်သန်နေတဲ့ မင်းကိုတော့ ဘယ်သူမှ ပျောက်ပျက် အောင် မလုပ်နိုင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ မင်းက ငါ့ရင်ထဲမှာ ထာဝရ ရှင်သန် နေလို့ ပါပဲ။ မင်းက ငါ့ရဲ့  တစ်ယောက်သော သူပါ။ အမြဲပြုံးပါ လမင်းငယ်။

ပြီးဆုံးခဲ့တဲ့ ဒီ ဇာတ်လမ်းမှာ ငါကဗီလိန်။ ငါ လူကြမ်းဖြစ်လို့ တော့ မဟုတ်ဘူး။ ဒါပေမယ့် ငါ့စိတ်ကို ငါမသိခဲ့လို့  မင်းအတွက် လူကြမ်းလေး ဖြစ်ခဲ့ရတာပါ။

ပြီးဆုံးခဲ့ပြီဟု ထင်မှတ်ခဲ့ပါသော်လည်း အကြောင်းတိုက်ဆိုင်တိုင်း သတိရစိတ်နှင့် တမ်းတစိတ်များ ဖြစ်ပေါ်လာခဲ့မိပါတယ်။ နှစ်တွေချီပြီး မမေ့နိုင်ခဲ့တဲ့ ရင်ထဲမှာ သိမ်းဆည်းထားခဲ့ရတဲ့ အဖြစ်က ဘယ်လိုလုပ် ရင်ထဲက ပျောက်ကွယ်သွားနိုင်မှာလဲ။

မြင်တွေ့ ရ၊ ပိုင်ဆိုင်နေရမှ ချစ်တာ မဟုတ်ပါဘူး။ အတွေးစိတ်ကူး ရင်ထဲမှာ ထာဝရသိမ်းဆည်းထားရုံလေး နဲ့ လဲ ကွယ်မြုပ်ထားလို့  ရပါတယ်။

"နောင်တ" ဆိုတာ နောက်မှ ရတယ်တဲ့။ ဒကယ်လည်း အချိန်လွန် "နောင်တတစ်ခုနှင့်ကြုံခဲ့ဖူးပါလေရဲ့ကွယ်" အချိန်မှီ ဆေးနဲ့ ဝေးခဲ့ ရတယ်။

ရုတ်တရက်ကြီး သတိရလိုက်တာ။

ဘာမှမဆိုင်ပေမယ့်လဲ.....ရုတ်တရက် အမှတ်တစ်မဲ့....မှ...အမှတ်တရသို့ ..........။


ဆောင်းတော်ဝင်။

0 comments:

Post a Comment