မြသွေး...ငါ... ငိုနေခဲ့တယ် မြသွေး... ဒီနေ့ ည မိုးကောင်းကင်က သာယာနေသလိုပဲ။ နင် ငါ့ဆီပြန်လာနိုင်ရင်
အရမ်းကောင်းမယ် ဆိုတဲ့ အတွေးကို ခုတလော ခဏခဏ တောင့်တနေမိတယ် မြသွေးရယ်...။
ငါ့ဆုံးဖြတ်ချက်တွေ မရေရာဘူးဖြစ်နေခဲ့ရင် ငါ့ဘေးမှာ နင်နေပြီး အမြဲခွဲခြားပြပေးခဲ့
မြသွေး... ငါ့ကို နင်ဒီလို လမ်းပြပေးဖို့  လိုအပ်နေခဲ့ပြန်ပြီဟာ...။
ငါ့ဘေးနားမှာ ရှိနေတုန်းက ငါတန်ဖိုးထားရကောင်းမှန်း ဘာလို့ မသိခဲ့ရတာလဲ။
ပြန်မရနိုင်တော့မှ ဒါတွေဟာ အရမ်းတန်ဖိုးကြီးမားပြီး အဖိုးမဖြတ်နိုင်မှန်း.... ငါ နောင်တရအောင် ဘာလို့ သိလာခဲ့ရတာလဲ မြသွေးရယ်...။
ငါ ခံစားနေရတာကို နင်မြင်နေရင်လဲ မငိုပါနဲ့  သူငယ်ချင်းရယ်......။ ဒီအချိန်လေးတွေဟာ ငါ့အတွက်တော့
နင့်ကို အရမ်းသတိရနေလို့ ပါပဲ။ ငါ့စိတ်မှာ ဒွိဟ ဖြစ်နေခြဲ့
ဟိုး... အရင်လို မြသွေးရယ် နင်ရောက်တဲ့နေရာက အမြန်ပြန်လာခဲ့ပါ... ပြန်လာခဲ့ပါ
အော်... ခေါ်မိရင်..လူတွေက သနားတဲ့မျက်ဝန်းနဲ့  ကြည့်နေကြတယ်။ ငါ... နင့်အကြောင်းတွေးမိရင်
်ရင်နာမိတယ်..မြသွေးရယ်။ ခုတော့..... ငါနင်နဲ့ ဝေးတဲ့ မြို့ တစ်ခုမှာ ငါရောက်နေခဲ့ပြီ။
ငါ့ကို နင်နဲ့ ဝေးတဲ့ နေရာမှာ ငါ့ကို ရပ်တည်ခိုင်းနေကြပြီ...။
မြသွေး... ငါတို့ က ဆိုးတူဆိုးဘက်... ကောင်းတူကောင်း
ငါဆိုးရင်... နင်လိုက်ဆိုးသလို..
ငါမဲဆိ
နင့်ရဲ့  ကိုယ်ပွားလေး ငါ့ဆီနင်လွှတ်ပေးလိုက်တယ်လို့  ငါယုံကြည်ထားမယ်နော် မြသွေး...။
နင်..ငါ့ဆီ ပြန်လာခဲ့မယ် လို့ နင်.. ငါ့ကို ဂတိ ပေးခဲ့တယ်လေ ငါ စောင့်နေတယ် အမြန်ပြန်လာခဲ့ပါ
ဒီတစ်ခါ နင်ပြန်လာပေးရင် ငါနင့်အနားမှာ ထာဝရနေပေးမယ်မြသွေးနော်...
ဟိုအရင်လို အနိုင်မကျင့်တော့ပါဘူး မဆိုးတော့ပါဘူး... နင်ဘာပြောပြော ဒီတစ်ခါ ငါနားထောင်ပေးတော့မယ်နော်မြေ
ရော်ရွှက်ဝါတွေ အရောင်ပြောင်း
အရောင်ပြောင်းနေကြပြန်ပြီ
ဟိုး.......အဝေးက...မြင်နေရတဲ့.
အုတ်ဂူပြာလေးပေါ်မှာ..မှောက်ယက်
ဟိုး... ခပ်ဝေးဝေးက လမ်းမေ
အရာရာ... အရာရာ... အရာရာတွေက...
ဒါပေမယ့်... ငါ ဒီတစ်ခါလာတာ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်ထင်တယ် သူငယ်ချင်း။ နင့် ဆန္ဒတွေ
ဖြည့်ဆီးပေးခဲ့သလို... နင် နောက်ဆုံးအကြိမ်ပြောသွားပေးတဲ့ စကားတစ်ခွန်းကို ငါယုံကြည်ထားတယ်နော်...။
နင်ချစ်တဲ့ ခင်တဲ့သူဆီမှာ အပ်ထားပေးခဲ့မှ စိတ်ချပါတယ်ဆိုတဲ့ ငါ သူကို...ငါ့ဘေးရောက်ေ
နင်... စိတ်ချ နေလိုက်တော့နော်
ခဲ့ဘူးလို့  ငါယုံကြည်ထားခဲ့တာ နင်ထပ်ရှာပေးခဲ့ပြန်ပြီနော်။ ငါ...သူ့ ကို နင့်လိုစိတ်ထားပြီး...ချစ်ပေးပါ
ငါ့အတွက်တော့ အချစ်ဆိုတာ ငါ့ဆီမှာ ရှိနေတုန်းက မသိခဲ့လို့  လောကကြီးမှာ တစ်ယောက်သောသူ မရှိတော့မှ သိခဲ့ရတဲ့ ငါ့အချစ်ဟာ တန်ဖိုးမထားတတ်ခဲ့တဲ့ငါ အသက်ဆက်ရှင်သန်ပါဆိုတဲ့ နင့်ရဲ့ စကားတစ်ခွန်းနဲ့ လောကကြီးကို ငါ ပြန်လည် ဦးမော့ ရပ်တည်မှာပါ။ ထာဝရ နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ မြုပ်နှံပြီး ငါ ဆက်လက် အသက်ရှင်သန်နေအုန်းမှာပါ။ တစ်နေ့ တော့ ဟိုး....အဝေးက နင်စောင့်နေတဲ့ ဆီကို အရောက် ငါလာခဲ့မှာပါ။ ငါ ဘယ်တော့မှ အရှုံးမပေးတော့ပါဘူး။ ဆက်လက် ရပ်တည်နေအုန်းမှာပါ။
အခု... ငါဆက်လက် ရှင်သန်နေရတာက
နင်ဖြစ်စေချင်သလို... ငါရပ်တည်ေ
ငါ့ဆီကို နင်ပြန်လာမယ်ဆိုတဲ့ ဂတိပဲ...။ နင် အချိန်ဘယ်လောက်ပဲကြာကြာ... အရော
နှစ်တွေပြော
"မီ... မောင်တို့ ပြန်ရအောင်....မှောင်နေပြီ ကောင်မလေး...ထတော့နော်..."
တွဲခေါ်မှုနှင့် နွေးထွေးတဲ့ လက်အစုံမှာ အင်အားမရှိ လှမ်းလျှောက်သွားသော သူမခြေလှမ်းများ....သူသိပေမယ့်
ဒီကောင်မလေးအတွက် သူနားလည်ပေးနိုင်တယ်။ သူ့ စိတ်ထဲမှာတော့....
" မြသွေး... ဒီကောင်မလေးကို မင်းထက်မပိုခဲ့ရင်တောင် မင်းထက်မလျှော့တဲ့ ချစ်ခြင်းနဲ့  ငါ
ထာဝရချစ်နေခဲ့တယ်ဆိုတာပါပဲ။"
ဒါကို မင်းသိပေမယ့် သူမသိတာ ငါရင်နာတယ် ဒါပေမယ့်... သူ့ ဘေးမှာ ငါရပ်ပေးနေရရုံလေးနဲ့  ငါကျေနပ်တယ်ကွာ...။ မင်းကို ငါ ကျေးဇူးတင်ပါတယ် မြသွေး...မင်း ထွက်မသွားခင် ငါ့စိတ်ကို နားလည်ပေး သိသွားခဲ့လို့  ခုလို ငါ သူ့ ဘေးနားမှာ ရပ်တည်ပေးခွင့်ရခဲ့တဲ့အတွက် သူငယ်ချင်းကောင်းအဖြစ် နှစ်ခုလုံးအတွက် ငါ့ရင်ထဲမှာ မင်းကို ထာဝရ ကျေးဇူးတင်နေမှာပါ သူငယ်ချင်းရာ...။
မင်း သူ့ အပေါ် ပေးဆပ်ရဲသလို ငါလဲပေးဆပ်ရဲအောင် ချစ်တယ်...။ ဒါပေမယ့်... ဒီတစ်ခါတော့ ငါ မင်းလို
သူ့ အပေါ် အရာရာ အလျှော့မပေးတော့ဘူး။ဒါ ဘယ်သူ့ အတွက် ငါ ဒီလိုပြုမှုတယ်ဆိုတာ မင်းသိမှာပါကွာ...။
ငါ သူ့ ဘေးမှာ ထာဝရ...ရပ်တည်ရင်း...သူ့ ရှေ့ကနေပြီး အရာရာကို သူ့ အပေါ်မကျအောင် ငါစောင့်ရှောင့်ပေးဖို့ အတွက်ပဲ။ မင်းစိတ်ချစွာ အပ်နှံပေးခဲ့တာ ငါဘယ်တော့မှ မမေ့ပါဘူး သူငယ်ချင်း။
မင်းချစ်သလို မင်းတန်ဖိုးထားသလို ငါလဲ မင်းထက်မလျှော့တဲ့ ချစ်ခြင်းကြောင့်ဆိုတာ မင်းသိခဲ့ပြီပဲကွာ။
ဒါကြောင့် အရယူခဲ့တဲ့ ငါ့ကို မင်းနားလည်ပေးနိုင်မယ် ထင်ပါတယ်။ငါ့အရင် ဇာတ်လမ်းတွေလိုဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးဆိုတာ မင်းကိုငါ ဂတိပေးခဲ့ပြီးသားပါ။ မင်း ငါ့စိတ်ကို နားလည်မယ် ထင်ပါတယ်။
ငါအရင်က လုပ်ခဲ့တာတွေ ရှုပ်ခဲ့တာတွေ အားလုံးက မင်း သူ့ ဘေးမှာရပ်ပြီး တားဆီးနေတဲ့စိတ်ကြောင့် ငါခံစားခဲ့ရတာတွေ။ ဒါပေမယ့် မင်းသိလား. ငါ့ရင်ထဲမှာ ထာဝရတစ်ယောက်တည်းပဲ ရှိတယ်ဆိုတာ။
အဲဒါ ဒီကောင်မလေးပဲ... ဆိုတာ မင်းသိမှာပါ။
မင်းသူ့ ကိုခေါ်လာတဲ့ မနက်ခင်းကစပြီး လူ့ ဘ၀က ငါ့အတွက်အရမ်းလှပ အသက်ဝင်ခဲ့တာ။ ဟိုအရင်ကလဲ သူတစ်ယောက်ပဲ ခုလဲသူပဲ နောင်လဲသူပဲ...။ မင်းပြန်လာခဲ့မယ် ဆိုရင်တောင်
ဒီတစ်ခါ သူ့ အတွက် ငါကြိုဆိုနေမယ်။ မင်းကို ကျေးဇူးတင်စွာနဲ့  ငါကြိုဆိုနေမှာပါ သူငယ်ချင်း။
"မောင်..."
သူမရဲ့  ခေါ်သံ တိုးတိုးလေးက သူ့ နားထဲ တိုးတိုးလေးဝင်ရောက်လာတယ်။ သူ နူးညံ့စွာကြည့်ကာ အသာငုံ့ ကြည့်ရင်း..
"ပြောလေ..မီ...မောင် နားထောင်နေတယ်"
"ဒကယ်လို့ ..ဒကယ်လို့ များလေ...မြတ်သွေး...မီတို့ ဆီပြန်လာခဲ့ရင် မောင်လက်ခံပေးမယ်မဟုတ်လားဟင်"
စိတ်ပူသလို စိုးရိမ်စိတ် မျက်လုံးအစုံနှင့် မော့ကြည့်နေတဲ့ သူမမျက်ဝန်းလေးကို သူအသာပြုံးကြည့်ရင်း...
သက်ပြင်းမောလေး ဖွဖွချကာ............
"မြတ်သွေး မောင်တို့ ဆီရောက်လာခဲ့ရင် မောင်လက်ခံပေးရမှာပေါ့...မီရယ်..."
လင်းလက်တောက်ပစွာပြုံးလိုက်တဲ့ သူမ အပြုံးလေးကို သူမျက်တောင်မခတ် စိုက်ငေးကြည့်ရင်း.....
"ဒါပေမယ့် မောင့်ကိုတော့ မေ့မနေရဘူးနော် ကောင်မလေး..."
"အင်းပါ မောင်ရဲ့..."
ပျှော်ရွှင် ကြည်နူးစွာ ပြုံးပျော်နေတဲ့ ဒီအပြုံးလေးကို ထာဝရ လင်းလက်တောက်ပ စေချင်တာ သူနဲ့  သွားလေသူ မြသွေးမောင်ဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ရဲ့ ရင်ထဲက ဆန္ဒအစုံပဲမလား။ ဒီကောင်မလေးမတွက်သာ ဆိုရင် ဘာမဆို ဖြည့်ဆီးနားလည်ပေးနိုင်ခဲ့တဲ့  ဒီလူနှစ်ယောက်ရဲ့ ရင်ထဲမှာ မတူညီရင်တောင် မလျှော့သော အချစ်စစ်တွေနဲ့  ထာဝရ တည်ရှိနေတယ်ဆိုတာ ယုံကြည်ပေးလိုက်ပါတော့ မောင့် အချစ်ရယ်....။
ဒီအပြုံးလေးကို ထာဝရ တောက်ပစေချင်တာပါ....ထာဝရ တောက်ပစွာ ပြုံးပျော်နေတာလေးကိုပဲ မောင်လိုချင်နေတာပါ ကောင်မလေးရယ်...။ သူမလေးကို အသာ တိုးဖက်ထားရင်း....
အိမ်အပြန် လမ်းတစ်လျှောက်မှာ နွေဦးလေပြည်လေးတွေရဲ့  သစ်ရွှက်ကြွှေသံနှင့် လေညှင်းတိုက်ခတ်သံလေးတွေက .....အရာရာ လှပပြည့်စုံ နေသလိုပါပဲ..ဘာဆိုဘာမှ မလိုအပ်ခဲ့တော့ပါဘူး။
ညနေခင်း လေပြည်လေညှင်းလေးနှင့် သာယာလှပသော ပတ်ဝန်းကျင် တစ်ခွင်ဝယ်....သူတို့ နှစ်ဦး၏ တိုင်တည်ရာ စိတ်ဗိမာန်သည်လည်း နားလည် သဘောပေါက်လောက်ပြီ ထင်ပါတယ်။
တွဲလက်ကို နွေးထွေးစွာဆုပ်ကိုင်ရင်း....အပြုံးကလေးဖြင့် ဆက်လျှောက်ခဲ့တဲ့ လမ်းတစ်လျှောက်မှာ...။
.......................................................။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။.............................................................
ပြီးပါပြီ။
ဆောင်းတော်ဝင်

0 comments:
Post a Comment